ကျောက်ဖြူ စက်တင်ဘာ ၉
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့၌ (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျောက်ဖြူမြို့၊ အစိုးရရပ်ကွက်ရှိ ရမ္မာဝတီခန်းမ၌ ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်အနုပညာရှင်အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ပြိုင်ပွဲဝင်များနှင့် ၎င်းတို့၏မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။
ဦးစွာ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဒုတိယနေ့ပွဲစဉ်များအဖြစ် ဆက်လက်ကျင်းပရာ အဆိုပြိုင်ပွဲ မဟာဂီတတွင် အသက် (၁၀) နှစ်မှ (၁၅) နှစ်အထိ အမျိုးသား (၁) ဦးနှင့် အမျိုးသမီး (၁) ဦး၊ အသက် (၁၅) နှစ်မှ (၂၀) နှစ်အထိ အမျိုးသား (၁) ဦးနှင့် အမျိုးသမီး (၂) ဦး၊ အဆင့်မြင့်တွင် အမျိုးသမီး (၁) ဦး၊ ဝါသနာရှင် ဒုတိယအဆင့်တွင် အမျိုးသား (၂) နှင့် အမျိုးသမီး (၂) ဦးတို့မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပထမနေ့နှင့် ဒုတိယနေ့ပွဲစဉ်များတွင် ဆုရရှိကြသူများကို ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများက ဂုဏ်ပြဆုချီးမြှင့်ငွေများနှင့် ဆုတံဆိပ်များအား ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ကျောက်ဖြူမြို့၌ အဆိုပါ အဆို၊ အက၊ အရေးအတီးပြိုင်ပွဲအား စက်တင်ဘာ (၇) ရက်နေ့မှ (၈) ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး ကျောက်ဖြူခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများမှ အဆိုပြိုင်ပွဲတွင် ခေတ်ဟောင်းကာလပေါ်သီချင်းအား အသက် (၁၀) နှစ်မှ (၁၅) နှစ်အထိ အမျိုးသား (၉ )ဦးနှင့် အမျိုးသမီး (၈) ဦး၊ အသက် (၁၅) နှစ်မှ (၂၀) နှစ်အထိ အမျိုးသား (၄) ဦးနှင့် အမျိုးသမီး (၃) ဦး၊ အဆင့်မြင့်ကာကပေါ်သီချင်းအား အမျိုးသား (၁) ဦးနှင့် အမျိုးသမီး (၂) ဦး၊ ဝါသနာရှင် (ပထမတန်း) အဆင့်ပြိုင်ပွဲတွင် အမျိုးသား (၁) ဦးနှင့် အမျိုးသမီး (၁) ဦး၊ ဝါသနာရှင် (ဒုတိယတန်း) အဆင့်ပြိုင်ပွဲတွင် အမျိုးသား (၇) ဦးနှင့် အမျိုးသမီး (၇) ဦး၊ အမျိုးဂုဏ်ဇာတိဂုဏ် အဆင့်မြင့်ပညာအဆင့်တွင် အမျိုးသား (၁) ဦးနှင့် အမျိုးသမီး (၂) ဦး၊ မဟာဂီတတွင် အသက် (၁၀) နှစ်မှ (၁၅) နှစ်အထိ အမျိုးသား (၁) ဦးနှင့် အမျိုးသမီး (၁) ဦး၊ အသက် (၁၅) နှစ်မှ (၂၀) နှစ်အထိ အမျိုးသား (၁) ဦးနှင့် အမျိုးသမီး (၂) ဦး၊ အဆင့်မြင့်တွင် အမျိုးသမီး (၁) ဦး၊ ဝါသနာရှင် ဒုတိယအဆင့်တွင် အမျိုးသား (၂) နှင့် အမျိုးသမီး (၂) ဦး၊ အကပြိုင်ပွဲတွင် အခြေခံပညာအဆင့် အသက် (၁၅) နှစ်မှ (၂၀) နှစ်အထိ အမျိုးသား (၁) ဦး၊ အသက် (၁၀) နှစ်မှ (၁၅) နှစ်အထိ အမျိုးသား (၁) ဦး၊ အတီးပြိုင်ပွဲတွင် အခြေခံပညာအဆင့် အသက် (၁၅) နှစ်မှ (၂၀) နှစ်အထိ အမျိုးသမီး (၁) ဦးတို့မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကာ ဆုရရှိကြသူများမှာ ပြည်နယ်အဆင့်ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင် ရမည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီမှ သိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း