မြင်းခြံ စက်တင်ဘာ ၉
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၌ လူသုံးကုန်နှင့်စားသုံးကုန်ပစ္စည်းများ ခွဲခြားရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ညနေ(၃:၃၀)နာရီအချိန်က ပြုလုပ်ခဲ့သည်။
မြို့နယ်လူသုံးကုန်နှင့်စားသုံးကုန်ပစ္စည်းများ ခွဲခြားရောင်းချမှုစိစစ်ဖော်ထုတ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းစိန်နှင့်အဖွဲ့ဝင်များက ဈေးဆိုင်း၊ စတိုးဆိုင်များ၊ Mini Mart များတွင် လိုက်လံစစ်ဆေးခဲ့သည်။ ထိုသို့စစ်ဆေးရာတွင် လူသုံးကုန်နှင့်စားသုံးကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြခြင်း ရှိ/မရှိ၊ အခွန်တံဆိပ်ခေါင်းများပါရှိခြင်း ရှိ/မရှိ၊ ဖြည့်စွက်အာဟာရဘူးများတွင် မြန်မာစာကုန်အညွှန်းအမှတ်အသားများ ဖော်ထားခြင်း ရှိ/မရှိတို့အား လိုက်လံစစ်ဆေးခဲ့ကြပြီး အရောင်းဆိုင်တာဝန်ရှိသူများအား အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)