ပုသိမ်မြို့တွင် ရိတ်သိမ်းခြွေလှေ့စက်မောင်းနှင်ထိန်းသိမ်းမှုအခြေခံသင်တန်း (၁/၂၀၂၃) ဖွင့်ပွဲ အခမ်းအနား ကျင်းပ

ပုသိမ် စက်တင်ဘာ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ရိတ်သိမ်းခြွေလှေ့စက် မောင်းနှင်ထိန်းသိမ်းမှု အခြေခံသင်တန်း (၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက စက်မှုလယ်ယာဦးစီးဌာန၊ အမှတ် (၅၁) စက်မှု လယ်ယာစခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပုသိမ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလင်းကိုကိုက အဖွင့်အမှာစကားပြောကြားခဲ့ပြီး စက်မှုလယ်ယာဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန ပုသိမ်ခရိုင်ဦးစီးမှူး ဦးကျော်ခင်က အမှာစကား ပြောကြားခဲ့သည်။ ရိတ်သိမ်းခြွေလှေ့စက်ကြီးများဖြင့် ရိတ်သိမ်းရာတွင် အလေအလွင့်နည်းပါးစေရန်အတွက် ရိတ်သိမ်းခြွေလှေ့စက်မောင်းနှင်သည့် တောင်သူများ စက်ကြံ့ခိုင်ထိန်းသိမ်းမှုနှင့် ရိတ်သိမ်းမောင်းနှင်ရာတွင် အလေအလွင့်နည်းစေရန် စက်မှုလယ်ယာဦးစီးဌာနမှ ကျွမ်းကျင်ဝန်ထမ်းများဖြင့် သင်တန်းပို့ချပေးခြင်း
ဖြစ်ကြောင်းသိရသည်။

အဆိုပါ ရိတ်သိမ်းခြွေလှေ့စက်မောင်းနှင်ထိန်းသိမ်းမှု အခြေခံသင်တန်းသို့ သင်တန်းသား (၃၀) ဦး တက်ရောက်ခဲ့ပြီး စက်တင်ဘာလ (၁၁) ရက်နေ့မှ (၂၂)ရက်နေ့အထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မြင့်ဟန် (ပြန်/ဆက်)