(၃) ကြိမ်မြောက် ကာမိုင်းမြို့ဘုန်းတော်ကြီးတစ်ပိုင်နယ် ကက်သလစ် (RC) အသင်းတော်ဖခင်များ၏ ဘောလုံးအားကစားပြိုင်ပွဲကျင်းပ

ကာမိုင်း စက်တင်ဘာ ၁၁

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့၌ ဘုန်းတော်ကြီးတစ်ပိုင်နယ်ကက်သလစ် (RC) အသင်းတော်မှကြီးမှူး၍ စက်တင်ဘာလ (၄) ရက်တွင် ကျရောက်ခဲ့သည့် လက်ဝါးကပ်တိုင် ဆုတောင်းပွဲအထိမ်းအမှတ်နှင့် ဘုန်တော်ကြီးတပိုင်နယ်ရှိ ဖခင်များအားကျန်မားရေးကောင်မွန်စေရန်ရည်ရွယ်၍ ကာမိုင်းမြို့ပြည်သူ့အားကစားကွင်း၌ ယမန်နေ့ မွန်းလွဲ (၃) နာရီက ကျင်းပခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတွင် ဆရာပတ်ထရိတ်ဦးဂွမ်ဂျာက အဖွင့်ဆုတောင်းပေးပြီး၊ ဘောလုံးကော်မတီအဖွဲ့မှ တာဝန်ရှိသူဦးဒန်ခရောင်က အားကစားအသိပညာပေးနှင့် ပြိုင်ပွဲပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များကို ပြောကြားကာ ဆရာဂျွန်လ်စပေါ့လ်အောင်က အားကစားသမားကို အားပေးစကားပြောကြားပြီး ဘောလုံးစည်းကမ်းချက်များကို ကွင်းလယ်ဒိုင်းတစ်ဦးက ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ ဘောလုံးပြိုင်ပွဲတွင် အသင်း (၆) သင်းဖြင့် ပါဝင်ယှဥ်ပြိုင်သွားမည်ဖြစ်ပြီး ပထမနှင့် ဒုတိယရရှိသောအသင်းများကို စက်တင်ဘာ (၂၄) ရက်တွင်ဘောလုံးကော်မတီအဖွဲ့မှ ဆုများအသီးသီးချီးမြှင့်ပေးသွားမည့်ဖြစ်ကြောင်း သိရသည်။

ထို့နောက် ဖွင့်ပွဲတွင်ယှဥ်ပြိုင်ခဲ့သေ ကောင်ရာရပ်ကွက် (၁) ဖခင်အသင်းနှင့် ကောင်ရာရပ်ကွက် (၃) ဖခင်အသင်းတို့ ယှဉ်ပြိုင်ကြရာ ကောင်ရာရပ်ကွက် (၃) ဖခင်အသင်းက (၃) ဂိုး၊ (၂) ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။

လဆိုင်း (ပြန်/ဆက်)