ဟိုပင် စက်တင်ဘာလ ၁၁
ကချင်ပြည်နယ်၊မိုးညှင်းခရိုင်၊ဟိုပင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြု ဗဟိုဌာန၊ (Community Centre) ခန်းမ၌ ကျောင်းသား/သူများ အသိပညာဗဟုသုတ တိုးပွါးစေရန်၊ စိတ်ပျော်ရွှင်စေရန်၊ လူအများရှေ့တွင် ရဲဝင့်စွာပြောဆိုတတ်စေရန်ရည်ရွယ်၍ စိတ်ကြိုက်ပန်းချီပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲများနှင့် စာအုပ်/စာစောင်ပြပွဲများကို စက်တင်ဘာလ (၁၁) ရက် မွန်းလွဲ (၁) နာရီက ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ပြိုင်ပွဲများကို စာဖတ်ပရိသတ် မူလတန်းအဆင့် ကျောင်းသား/သူ(၁၅)ဦးတို့က လာရောက် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများကို စာပေချစ်မြတ်နိုးသူအသင်းဝင်များက ဆုများချီးမြှင့် ပေးအပ်ခဲ့ကြောင်းနှင့် ခင်းကျင်းပြသထားသော စာအုပ်/စာစောင်များကို စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
လင်းသွယ်သွယ်ဦး (ပြန်/ဆက်)