ကျောက်ဆည်မြို့နယ် ရေပြစ်ကျေးရွာတွင် မိသားစုတစ်နိုင်တစ်ပိုင် စိုက်ပျိုးထားသည့် ရုံးပတီသီးနှံ စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

ကျောက်ဆည် စက်တင်ဘာ  ၁၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ရေပြစ်ကျေးရွာတွင် မိသားစုတစ်ပိုင်တစ်နိုင် စိုက်ပျိုးထားသည့် ရုံးပတီသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး နေ့စဉ်ခူးဆွတ်ရောင်းချခြင်းဖြင့်  မိသားစုအပိုဝင်ငွေရရှိကာ စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ရုံးပတီသီးနှံ တစ်ဧကစိုက်ပျိုးပါက မြေအမျိုးအစားနှင့် သွင်းအားစုအပေါ်မူတည်ပြီး ငွေကျပ်(၁)သိန်းမှ (၁)သိန်းခုနှစ်သောင့်ခန့်ကုန်ကျကြောင်း စိုက်ပျိုးပြီးရက်ပေါင်း(၆၀)ကျော်တွင် စတင်ခူးဆွတ်ရောင်းချရပြီး စတင်ခူးဆွတ်ချိန်တွင် (၁၂)ပိဿာခန့်ခူးဆွတ်နိုင်ကြောင်း အသီးလှိုင်ချိန်တွင် အချိန်(၆၀)ပိဿာအထိ ထွက်ရှိကြောင်း ရုံပတီသီးနှံသည် နေ့စဉ်ခူးဆွန်နိုင်ပြီး ပွဲစားများမှ (၁)ပိဿာငွေကျပ် (၁)ထောင် နှုန်းဖြင့်  နေအိမ်အထိ လာရောက်ဝယ်လျက်ရှိသောကြောင့် ရုံးပတီသီးနှံစိုက်ပျိုးရောင်းချသူများ အဆင် ပြေလျက်ရှိကြောင်း သိရသည်။

ရုံးပတီသီးနှံသည် ရေကြိုက်နှစ်သက်သဖြင့် ရေသွင်းရေထုတ်လွယ်ကူစေရန် မြေဘောင်များပြုလုပ်ပြီး အပင်ဖြစ်ထွန်းမှုကောင်းစေရန်အတွက် တစ်ပင်နှင့်တစ်ပင် တစ်တောင်ခန့်အကွာတွင် အစေ့တိုက်ရိုက်ချ စိုက်ပျိုးကြောင်း၊ အပင်ငယ်ချိန်တွင် မြေဆွခြင်း၊ ပေါင်းသင်ခြင်း၊ မြေဩဇာကျွေးပေးခြင်းများ ပြုလုပ်ပေးပါက အသီးထွက်နှုန်းကောင်းမွန်ကြောင်း၊ အပင်ပြုစုကောင်းပါက ခူးဆွတ်ချိန်(၃)လခန့်အထိ ခူးဆွတ်ရောင်းချရပြီး နုန်းမြေနုများတွင် စိုက်ပျိုးပါက ပိုမိုကောင်းမွန် ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)