ပိုင်ကျုံ စက်တင်ဘာ ၁၁
ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့ နောင်ဘိုကြီးကျေးရွာအုပ်စုအတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်နှစ်နှစ်အောက် ကလေးငယ်များ အာဟာရပြည့်ဝရေးအတွက် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်နှစ်နှစ်အောက် ကလေးငယ်များအတွက် (MCCT) ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့ကကျေးရွာအုပ်စုအတွင်းရှိ တာဝန်ရှိသူများမှ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ငွေများသည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပထမ (၃)လပတ်( ဧပြီ၊ မေ၊ ဇွန် )လများအတွက် ထောက်ပံ့ပေးခြင်းဖြစ်ပြီး တစ်လလျှင်ငွေကျပ်(၁၅၀၀၀)နှုန်းဖြင့် သုံးလစာငွေကျပ် (၄၅၀၀၀)ဖြင့် ကိုယ်ဝန် ဆောင်မိခင်နှင့် အသက်နှစ်နှစ်အောက်ကလေးများအတွက် ဖွံ့ဖြိုးမှုအမြင့်ဆုံးဖြစ်သည့်ကလေးဘဝအစရက် ပေါင်း(၁၀၀)ကာလအတွင်း အာဟာရပြည့်ဝစေရေးနှင့်မိခင်နှင့်ကလေးပါ ကျန်းမာသန်စွမ်းပြီး အာဟာရပြည့်ဝသည့် အစားအစာများ စားသုံးနိုင်စေရန်အတွက် ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။
နောင်ဘိုကြီးကျေးရွာအုပ်စုတွင် (MCCT) အကျိုးခံစားခွင့်ရှိသူ ကိုယ်ဝန်ဆောင်မိခင် ၂၀ ဦး နှင့်အသက်နှစ်နှစ် အောက်ကလေးငယ် ၇၇ ဦး စုစုပေါင်း ၉၇ဦးအတွက် ထောက်ပံ့ငွေ (၄၀၆၅၀၀၀) ကျပ်ကို ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သိရသည်။
နော်ခူး(ပြန်/ဆက်)