သတင်းများ

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်အဆင့် ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်  
Jul 29,2025
နေပြည်တော်အဆင့်ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ည‌နေပိုင်းတွင် နေပြည်တော်ကောင်စီ၊ ဇမ္ဗူသီရိခန်းမ၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌများ တက်‌ရောက်ခဲ့ကြသည်။
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲအောင်စာရင်းထုတ်ပြန်ကြေညာ
Jul 29,2025
၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲအောင်စာရင်းကို ဇူလိုင် ၂၇ ရက်နေ့ နံနက်က ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်အတွင်းရှိ အ.ထ.က‌(၃)ကျောင်းနှင့် မြို့နယ်ပညာရေးမှူးရုံးတွင် ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။
ဒေးဒရဲမြို့နယ် (Community Centre) ခန်းမ၌ အခြေခံမုန့်လုပ်နည်းသင်တန်း (အခမဲ့) ဖွင့်လှစ်သင်ကြားပေး
Jul 29,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက  မြို့နယ်အတွင်းရှိ အမျိုးသမီးများ ဘဝဖွံ့ဖြိုးတိုးတက်စေရေး၊ အိမ်တွင်းမှုလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် မိသားစုအပိုဝင်ငွေတိုးပွားစေရေးရည်ရွယ်၍ အခြေခံမုန့်လုပ်နည်းသင်တန်းကို ယမန်နေ့နံနက်(၁၁)နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ အခမဲ့ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ညောင်ရွှေမြို့ပေါ်ရှိ ရပ်ကွက်အချို့နှင့် လမ်းမအချို့နေရာများ ရေအနည်းငယ်လွှမ်းကျော်မှုဖြစ်ပေါ်လျက်ရှိပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာလင်းနှင့် တာဝန်ရှိသူများ လိုက်လံကြည့်ရှုစစ်ဆေး
Jul 29,2025
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်နှင့် ပတ်ဝန်းကျင်ဒေသများတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် အင်းလေးကန်ရေပြင် အနည်းငယ်မြှင့်တက်လာပြီး ညောင်ရွှေမြို့‌ပေါ်ရှိ ရပ်ကွက်အချို့နှင့် လမ်းမအချို့နေရာများတွင် ရေအနည်းငယ်လွှမ်းကျော်မှုများ ဖြစ်ပေါ်လျက်ရှိသည်။
တာမွေမြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်ကြေညာ
Jul 29,2025
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ မြို့နယ်ပညာရေးမှူးရုံးများနှင့် အခြေခံပညာစာစစ်ဌာနကျောင်းများတွင် ဇူလိုင်လ ၂၇ ရက်နေ့ နံနက်(၆)နာရီအချိန်မှစတင်ကာ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင်ဖြေဆိုအောင်မြင်ခဲ့ကြသည့် ကျောင်းသား/သူများ၏ အမည်စာရင်းများကို တစ်ပြိုင်နက်တည်းထုတ်ပြန်ကြေညာခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကလေးမြို့တွင် တောင်သူများအား လယ်ယာသုံးစက်ကိရိယာများနှင့် ယူရီးယားဓာတ်မြေဩဇာများ ပေးအပ်ပွဲအခမ်းအနားကျင်းပ
Jul 29,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအစီအစဉ်ဖြင့် တောင်သူများအား လယ်ယာသုံးစက်ကိရိယာ (ဒေါင်းဖန်းလယ်ထွန်စက် ၂ စီး၊ မျိုးစေ့ချကိရိယာ Drum seeder ၂၃၉ လက်) များနှင့် ယူရီးယားဓာတ်မြေဩဇာများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီအချိန်က မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။
ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၏၂၀၂၅ ခုနှစ်၊မိုးရာသီအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ
Jul 29,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ် ပြည်သူ့အားကစားကွင်း၌ ယမန်နေ့ မွန်းလွဲ ၁ နာရီက ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ) ၏ ၂၀၂၅ ခုနှစ်၊ မိုးရာသီအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။
လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ ၂၀‌‌၂၄-၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်ကြေညာ
Jul 29,2025
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ၂၀၂၄-‌၂၀၂၅ ပညာသင်နှစ်တက္ကသိုလ်ဝင်တန်းအောင်စာရင်းများကို အမှတ်(၂) ရပ်ကွက် အခြေခံပညာစာစစ်ဌာနအမှတ်(၁)ကျောင်းနှင့်အမှတ်(၅)ရပ်ကွက် အခြေခံပညာအထက်တန်းကျောင်းအမှတ်(၄)တို့တွင် ဇူလိုင်လ ၂၇ ရက်နေ့ နံနက် (၆)နာရီ၌ ထုတ်ပြန်ကြေညာသည်။