လှိုင်သာယာ(အရှေ့ပိုင်း) ဇူလိုင် ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တက္ကသိုလ်ဝင်တန်းအောင်စာရင်းများကို အမှတ်(၂) ရပ်ကွက် အခြေခံပညာစာစစ်ဌာနအမှတ်(၁)ကျောင်းနှင့်အမှတ်(၅)ရပ်ကွက် အခြေခံပညာအထက်တန်းကျောင်းအမှတ်(၄)တို့တွင် ဇူလိုင်လ ၂၇ ရက်နေ့ နံနက် (၆)နာရီ၌ ထုတ်ပြန်ကြေညာသည်။
လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက်တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရာ အောင်မြင်သူ ကျား(၂၁၂)ဦး၊ မ(၃၇၄)ဦး စုစု ပေါင်း(၅၈၆)ဦးဖြေဆိုအောင်မြင်ကြပြီး ရာခိုင်နှုန်းအားဖြင့်(၄၆.၄၇)ဖြစ်ပြီး တစ်ဘာသာဂုဏ်ထူးရှင်( ၃၉)ဦး နှစ်ဘာသာဂုဏ်ထူးရှင် (၂၃)ဦး၊ သုံးဘာသာဂုဏ်ထူးရှင်(၁၇)ဦး၊ လေးဘာသာဂုဏ်ထူးရှင်(၂)ဦး၊ ငါးဘာသာဂုဏ်ထူးရှင်(၁)ဦး၊ ရိုးရိုး(၅၀၄)ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ(၅၈၆)ဦး ဂုဏ်ထူးရဖြေဆိုအောင် မြင်လျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးထံမှ သိရသည်။
ထိုသို့ အောင်စာရင်းများထုတ်ပြန်ကြေညာရာတွင် လာရောက်ကြည့်ရှုသူများအနေဖြင့် အခက်အခဲမရှိအဆင်ပြေချောမွေ့စွာကြည့်ရှုနိုင်စေရေးအတွက်လည်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်ဘော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးဌာနမှတာဝန်ရှိသူများ၊ သက်ဆိုင်ရာစာစစ်ဌာနအသီးသီးမှ ကျောင်းအုပ်ကြီးများနှင့်ဆရာ၊ ဆရာမများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်တာဝန်ရှိသူများက လိုအပ်သည်များဝိုင်းဝန်း ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြကြောင်းနှင့် အဆိုပါတက္ကသိုလ်စာမေးပွဲအောင်စာရင်းများကို ပညာရေးဝန်ကြီးဌာနဝက်ဆိုဒ်တွင်လည်း အလွယ်တကူဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။
ခင်၀င်းမူ(ပြန်/ဆက်)