သတင်းများ

ကျောက်ဆည်မြို့နယ်၊ တိုက်နယ်ခုနစ်ခု၌ မိုးသီးနှံစုံ(၂၆၂၇)ဧက စိုက်ပျိုးပြီးဖြစ်
Jul 29,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် တိုက်နယ်(၁၂)ခုရှိပြီး ၂၀၂၅-၂၀၂၆ ခုနှစ် မိုးသီးနှံများ စိုက်ပျိုးလျက်ရှိရာ  တိုက်နယ်ခုနစ်ခု၌ ဇူလိုင်လလယ်ထိ မိုးသီးနှံစုံ(၂၆၂၇)ဧက စိုက်ပျိုးပြီးကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှ သိရသည်။
မြစ်သားမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာဆောင်ရွက်ရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်
Jul 29,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာစေရေးနှင့် လိုင်စင်မဲ့ယာဉ်များ စီးနင်းသွားလာမှု မရှိစေရေး အသိပညာ ပေးခြင်းနှင့် စစ်ဆေးဆောင်ရွက်ခြင်းများကို ယနေ့နံနက်ပိုင်းက မြို့အဝင်၊ မြို့အထွက်၊ ဗိုလ်ချုပ်လမ်းမကြီး တစ်လျှောက်နှင့် မြို့နယ်အတွင်းရှိ လမ်းဆုံနေရာများ၌ ဆောင်ရွက်လျက်ရှိသည်။
မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့်ငလျင်ဘေး အသိပညာပေး ဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ် နည်းသရုပ်ပြ
Jul 29,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် မီးဘေးအန္တရာယ်ကင်း‌ဝေးရေးအ‌တွက် မြို့နယ်မီးသတ်ဦးစီးမှူးဦး‌ဆောင်၍ အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ပန်းတောင်း)ကျောင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ငလျင်ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်  ၉ နာရီကအစိုးရစက်မှုလက်မှုသိပ္ပံကျောင်း (ကျောက်ပန်းတောင်း) ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများကို မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေကျပ် (၂၆၇၄၅) သိန်း ထုတ်ချေးပြီးစီး
Jul 29,2025
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲက ၂၀၂၅ ခုနှစ်၊ မိုးသီးနှံစိုက်ပျိုးရာသီတွင် ဒေသတွင်းရှိ တောင်သူများ မိုးစပါးနှင့် အခြားမိုးသီးနှံ အဆင်ပြေစွာ စိုက်ပျိုးနိုင်ရေးအတွက် မေလ ၂၀ ရက်နေ့ကစပြီး မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးဆောင်ရွက်ပေးခဲ့ရာ ဇူလိုင် ၂၉ ရက်နေ့အထိ တောင်သူ ၃၆၂၄ ဦးအား မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေကျပ် ၂၆၇၄၅ သိန်း ထုတ်ချေးဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ သိရသည်။
ပခုက္ကူမြို့နယ်တွင် ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးလုပ်ငန်း ကွင်းဆင်းဆောင်ရွက်
Jul 29,2025
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၁)မြို့မစည်ပင်သာယာဈေးကြီးရှိ ဈေးရောင်းဈေးဝယ်ပြည်သူများအား ပလတ်စတစ်သုံးစွဲမှုလျှော့ချရေးအသိပညာပေးခြင်းလုပ်ငန်းကို ယနေ့နံနက် ၉ နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ပင်လုံတက္ကသိုလ်၌ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ ရှင်းလင်းပွဲ ပြုလုပ်
Jul 29,2025
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင်၊ ပင်လုံမြို့၊ ပင်လုံတက္ကသိုလ် ဘက်စုံခန်းမ၌ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာအသိပညာပေး VIDO Clip နှင့်ပတ်သက်၍ မိတ်ဆက်ခြင်းနှင့် အသိပညာပေးခြင်းကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။
ပခုက္ကူမြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ၃၄ ဦး ထူးချွန်စွာ အောင်မြင်  
Jul 29,2025
မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ် အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနအသီးသီး၌ ၂၀၂၅ခုနှစ် မတ်လတွင် ကျင်းပခဲ့သော တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား ကျောင်းသူ ၈၁၇ဦးဝင်ရောက်ဖြေဆိုခဲ့ရာ ၄၄၃ဦး အောင်မြင်ပြီး ၃၄ဦး ထူးချွန်စွာအောင်မြင်ခဲ့ကြောင်း သိရသည်။
မိုင်းခတ်မြို့၌ နမ့်လွေချောင်းရေကျော်မှုကြောင့် အရေးပေါ်လူနာများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ခရီးသွားပြည်သူများအား ကူညီကယ်ဆယ်ရေးများ ဆောင်ရွက်
Jul 29,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဇူလိုင်လ ၂၇ ရက်နေ့ ညနေပိုင်းက ကျိုင်းတုံ-မိုင်းခတ်-မိုင်းယန်းလမ်းမိုင်တိုင်အမှတ် 74KM နှင့် 75KM အကြားတွင် နမ့်လွေချောင်းရေကျော်မှုဖြစ်ပွားခဲ့ရာ ယာဉ်များဖြတ်သန်းသွားလာခွင့် ခေတ္တရပ်နားထားခဲ့ရကြောင်း သိရသည်။