သတင်းများ

လိပ်သိုဒေသထွက် မျှစ်စားသုံးကုန်အမျိုးမျိုး နွေရာသီကာလ ဝယ်ယူစားသုံးသူများပြား
Mar 28,2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသတွင် ဝါးအမျိုးမျိုးမှရရှိသော မျှစ်များကို ကုန်ကြမ်းအဖြစ် ရောင်းချကြသည့်အပြင် တာရှည်အထားခံအောင် ထုတ်လုပ်ထားသော မျှစ်စားသုံးကုန်အမျိုးမျိုးမှာလည်း ယခုနွေရာသီကာလရောက်ရှိချိန်တွင်  ဝယ်ယူစားသုံးသူများ တိုးပွားလာလျက်ရှိကြောင်း သိရသည်။
မြင်းခြံမြို့တွင် နွေရာသီ အခြေခံအင်္ဂလိပ်စာ သင်တန်းဖွင့်လှစ်
Mar 28,2025
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသားလူငယ်များ နွေရာသီအားလပ်ရပ်တွင် အချိန်ကို အကျိုးရှိစွာ အသုံးနိုင်ရေးအတွက် အခြေခံအင်္ဂလိပ်စာသင်တန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယမန်နေ့နံနက် ၁ နာရီ အချိန်က ဖွင့်လှစ်သင်ကြားခဲ့သည်။
မဟာသုန္ဒရာရာမပရိယတ္တိစာသင်တိုက်တွင် ၂၀၂၅ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲဖြေဆိုနေမှုများအား မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် သွားရောက်ကြည့်ရှု
Mar 28,2025
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများနှင့် တာဝန်ရှိသူများ လိုက်ပါပြီး  ၂၀၂၅ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲ ကျင်းပနေသည့် (ဎဂ) စာဖြေဌာန၊ မဟာသုန္ဒရာရာမပရိယတ္တိစာသင်တိုက်သို့ မတ်လ (၂၇) ရက်နေ့ မွန်းလွဲပိုင်းက သွားရောက်ကာ အစိုးရဓမ္မာစရိယ စာဖြေဌာနကြီးကြပ်ရေးအဖွဲ့ ဩဝါဒဆရာတော်ကြီးများနှင့် ကြီးကြပ်ရေးအဖွဲ့ဆရာတော်များအား ဖူးမြော်၍ စာဖြေသံဃာတော်နှင့် သီလရှင်များ စာဖြေဆိုနေမှုများကို လိုက်လံကြည့်ရှုကြည်ညိုကြသည်။
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် နှစ်(၈၀)ပြည့် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား၊ တပ်မတော်နေ့အထိမ်းအမှတ် စစ်ရေးပြပွဲ၊ ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ
Mar 28,2025
နှစ်(၈၀)ပြည့် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ နန်းမြို့အတွင်းရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်ရေးပြကွင်း၌ ကျင်းပရာမန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ကျော်ကိုထိုက်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တပ်မတော်အရာရှိကြီးများ၊အရာရှိ၊ အရာခံ၊အကြပ်၊စစ်သည်၊ မိသားစုများ၊ ဖိတ်ကြားထားသော ဧည့်သည်တော် များနှင့်ချီတက်လာမည့် စစ်ရေးပြတပ်ခွဲများအားအောင်သပြေခက်ဖြင့်အန္တရာယ်ကင်း ပရိတ်ရေများဖျန်းပက်ချီးမြှင့်ပေးတော်မူကြမည့် ဆရာတော်၊ သံဃာ တော်များ၊ ဂုဏ်ပြုပန်းကုံးစွပ်၍ ချီးမြှင့်ပေးကြမည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံပြည်သူများ စုစုပေါင်းအင်အား(၇၀၀၀) ကျော်ခန့်တက်ရောက်ကြသည်။
မိုးနဲမြို့နယ်၌ မြေပဲစိုက်တောင်သူ၊ ပွဲရုံနှင့် ဆီစက်များအား တာဝန်ရှိသူများက ကွင်းဆင်းစစ်တမ်းကောက်ယူ
Mar 28,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှကြီးကြပ်၍ မြေပဲစိုက်ပျိုးသူတောင်သူများ၊ ပွဲရုံများနှင့် ဆီစက်များအား ကွင်းဆင်းစစ်တမ်းကောက်ယူခြင်းကို မတ်လ ၂၆ ရက်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကွန်ဟိန်းမြို့၌ နှစ် (၈၀) ပြည့် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်ဖြန့်ဝေ
Mar 28,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ယမန်နေ့တွင် ကျရောက်သည့် နှစ် (၈၀) ပြည့် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက် (၈) နာရီက မြို့မစျေး၌ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ကျိုင်းလပ်မြို့၌ နှစ်(၈၀)ပြည့် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ
Mar 28,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၌ ၂၀၂၅ ခုနှစ်၊ မတ်လ (၂၇) ရက်နေ့တွင် ကျရောက်သည့် နှစ် (၈၀)ပြည့် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယမန်နေ့နံနက်က ကျိုင်းလပ်မြို့ ခမရ(၅၂၆)တပ်သို့ သွားရောက်၍ အခမဲ့ဖြန့်ဝေပေးခဲ့သည်။
ကျိုင်းတုံမြို့နယ် ကဲရွှေ-နမ့်နီ-နမ့်ကဲ-ရှဲန်ထနူး ကျေးရွာ ကျေးရွာချင်းဆက်လမ်း ရာနှုန်းပြည့်ပြီးစီး
Mar 28,2025
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေကျပ် (၁၁၈) ဒသမ (၆၆၈) သန်းဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ယန်းခကျေးရွာ အုပ်စုနယ်စပ်မှ နမ့်နီ/နမ့်လုံကျေးရွာအုပ်စု နမ့်ခမ်း-ဝမ်ကောင်း-ကဲရွှေ- နမ့်နီ-နမ့်ကဲ-ရှဲန်ထနူး ကျေးရွာ ကျေးရွာချင်းဆက်လမ်း ၄/၀ မိုင် မြေလမ်းတာချဲ့ခြင်းနှင့် (၅) ပေ Box Cuvert ၁၀ စင်း တည်ဆောက်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးဆောင်ရွက်မှုအား ရှမ်းပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးခွဲ(ကျိုင်းတုံ)မှ တာဝန်ရှိသူများက ယမန်နေ့တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။