သတင်းများ

အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရတနာစံကျောင်းတော် ပြုပြင်မွမ်းမံမှုလုပ်ငန်းများအတွက် အနယ်အနယ်အရပ်ရပ်မှ စေတနာရှင်အလှူရှင် သဒ္ဓါတတ်အားသ၍ ထည့်ဝင်လှူဒါန်းလျက်ရှိ
Apr 11,2025
မတ်လ(၂၈)ရက် နေ့လည်ပိုင်းက လှုပ်ခတ်ခဲ့သည့် မန္တလေးမြေငလျင်ကြီးကြောင့် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရင်ပြင်တော်၊ ရတနာစံကျောင်း တော် အချို့နေရာများ၊ ဒေသစာရီကြွချီတော်မူရာတွင် အသုံးပြုသည့် ကရဝိက်ဖောင်တော်နှင့် ဖောင်တော်ထားရှိသည့် အဆောက်အအုံ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။
ညောင်ဦးမြို့ အာနန္ဒာဘုရားကြီးနှင့်ရွှေစည်းခုံစေတီတော်မြတ်ကြီး၌ အန္တရာယ်ကင်းရတ နသုတ်ရွတ်ဖတ်ပူဇော်
Apr 11,2025
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် ရှေးဟောင်းသမိုင်းဝင် ဘုရားများဖြစ်သည့် အာနန္ဒာဘုရားကြီးတောင်ဘက်မုခ်နှင့် ရွှေစည်းခုံဘုရားကြီးတို့တွင် ဆရာတော်/သံဃာတော် ၃၆ ပါးတို့က ယမန်နေ့ နံနက် ၈ နာရီခွဲအချိန်က အန္တရာယ်ကင်း ရတနသုတ်နှင့်ပရိတ်ပဌာန်းရွတ်ဖတ်ပူဇော်ခဲ့ကြသည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင် မန္တလေးငလျင်ကြီးကြောင့် အက်ကွဲကြောင်းများကြားမှထပ်မံတွေ့ရှိလာသည့် ရေနန်းတော်ဆောင်အားစနစ်တကျတူးဖော် ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေး
Apr 11,2025
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဗိသုကာပညာရှင် ဦးဝင်းဇော်နှင့်အဖွဲ့ တာဝန်ရှိသူများသည် ဧပြီ ၉ ရက် မွန်းလွဲပိုင်းက ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(မန္တလေးဌာနခွဲ)က အင်းဝခေတ်ယဉ်ကျေးမှုအဆောက်အအုံအမွေအနှစ် ရေနန်းတော်ဆောင်အား စနစ်တကျတူးဖော်ဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင် မန္တလေးငလျင်ကြီးကြောင့် တံတားဦးခရိုင် ရှေးဟောင်းအဆောက်အအုံများ ထိခိုက်ပြိုကျပျက်စီးမှုများ၊ လောကသရဖူဘုရားနှင့်မယ်နုအုတ်ကျောင်းတော်ကြီးတို့၏ ထိခိုက်ပျက်စီးမှုများအား ကြည့်ရှုစစ်ဆေး
Apr 11,2025
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဗိသုကာပညာရှင် ဦးဝင်းဇော်နှင့်အဖွဲ့၊ တာဝန်ရှိသူများသည် ဧပြီ ၉ ရက် မွန်းလွဲပိုင်းက မန္တလေးငလျင်ကြီးကြောင့် တံတားဦးခရိုင်၊ အမရပူရမြို့နယ်၊ အင်းဝရှေးဟောင်းသုတေသနနယ်မြေရှိ လောကသရဖူဘုရားဘုရားကြီး၊ မယ်နုအုတ်ကျောင်းတော်ကြီးနှင့် ရှေးဟောင်းဘုရား၊ စေတီ၊ ပုထိုးများ၊ သာသနိကအဆောက်အဦများ ထိခိုက်ပျက်စီးခဲ့မှုအခြေအနေများကိုလိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့မှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေး
Apr 11,2025
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် ဧပြီလ(၁၀)ရက်နေ့ နံနက်ပိုင်းက မန္တလေးငလျင်ကြီးကြောင့် ဧရာဝတီတံတား(ရတနာပုံ)တံတားပေါ်နှင့် ချဉ်းကပ်လမ်းများ၌ ထိခိုက်ပျက်စီးမှုအချို့ဖြစ်ပေါ်ခဲ့မှု၊ တံတားကြံ့ခိုင်မှု၊ တံတားပေါ်ဖြတ်သန်းသွားလာနေမှုအခြေအနေများ၊ အန္တရာယ်ရှိအဆောက်အဦအား ဝန်ချီစက်ယန္တရားယာဉ်ကြီးအသုံးပြု၍ ဖြိုချဖယ်ရှားရှင်းလင်းရန်ပြင်ဆင်ဆောင်ရွက်နေမှုနှင့် ထိခိုက်ပျက်စီးခဲ့မှုအခြေအနေများကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း လပွတ္တာခရိုင် ရွေးမြစ်နှင့် ပြာမလော့မြစ်အကြား ရေငန်တားတာများတည်ဆောက်ခြင်းစီမံကိန်းနှင့် မြစ်ကြိုးကြီးရေတံခါး (၆ပေ×၆ပေ) ၄ပေါက် တည်ဆောက်ခြင်းလုပ်ငန်း ကြည့်ရှုစစ်ဆေး
Apr 11,2025
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ ရွေးမြစ်နှင့် ပြာမလော့မြစ်အကြားတွင် တည်ဆောက်ရေး(၉)၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ရေငန်တားတာများတည်ဆောက်ခြင်းစီမံကိန်းနှင့် မြစ်ကြိုးကြီးရေတံခါး (၆ပေ×၆ပေ) ၄ပေါက် တည်ဆောက်ခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
အန္တရာယ်ရှိ ကျောင်းဆောင်များ ရှင်းလင်းရေးဆောင်ရွက်လျက်ရှိ
Apr 11,2025
အမရပူရခရိုင်၊ အမရပူရမြို့နယ်၊ ဆင်စွယ်ပွတ်ရပ်ကွက်၊ မဟာဂန္ဓာရုံကျောင်းတိုက်အတွင်းရှိ မန္တလေးအင်အားပြင်ငလျင်လှုပ်ခက်မှုကြောင့် ပျက်စီးသွား နေထိုင်ရန်မသင့်ကျောင်းဆောင် တိုက်သစ်ကျောင်းနှင့်ရေစဥ်တို့အား ယမန်နေ့ ၂ နာရီခွဲအချိန်က ရှင်းလင်းဖယ်ရှားပေးခဲ့ကြောင်း သိရသည်။
နေပြည်တော်ကောင်စီဝင်  ဗိုလ်မှူးကြီးရဲမိုးနှင့် ဦးမြင့်စိုး မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ခဲ့သည့် ပျဉ်းမနားမြို့နယ်အတွင်းရှိနေရာများ ပြန်လည်ထူထောင်ရေးလုပ်ငန်းဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှု
Apr 11,2025
နေပြည်တော်ကောင်စီဝင်  ဗိုလ်မှူးကြီးရဲမိုးနှင့်ဦးမြင့်စိုး မန္တလေးငလျင်ကြီးကြောင့်ထိခိုက်ခဲ့သည့် ပျဉ်းမနားမြို့နယ်အတွင်းရှိနေရာများ ပြန်လည်ထူထောင်ရေးလုပ်ငန်းဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုခဲ့သည်။