ကလေး ဇူလိုင် ၂၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအစီအစဉ်ဖြင့် တောင်သူများအား လယ်ယာသုံးစက်ကိရိယာ (ဒေါင်းဖန်းလယ်ထွန်စက် ၂ စီး၊ မျိုးစေ့ချကိရိယာ Drum seeder ၂၃၉ လက်) များနှင့် ယူရီးယားဓာတ်မြေဩဇာများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီအချိန်က မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ကလေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးတင့်က စိုက်ပျိုးသီးနှံများ ပန်းတိုင်အတွက်နှုန်းရရှိစေရန် တောင်သူများ၏ စိုက်ပျိုးထုတ်လုပ်ရေးလုပ်ငန်းများတွင် အခက်အခဲမရှိစေရေးအတွက် မျိုး၊ ရေ၊ မြေ၊ နည်းနှင့် စိုက်ပျိုးရေးသွင်းအားစုများကို ကူညီထောက်ပံ့ပေးလျက်ရှိပြီး တောင်သူများအား လယ်ယာသုံးစက်ကိရိယာ (ဒေါင်းဖန်းလယ်ထွန်စက် ၂ စီး၊ မျိုးစေ့ချကိရိယာ Drum seeder ၂၃၉ လက်) များနှင့် ယူရီးယားဓာတ်မြေဩဇာများပေးအပ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားခဲ့သည်။
ထို့နောက် ကလေးခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ကလေးမြို့နယ်မှ ဒေသခံတောင်သူများထံ လယ်ယာသုံးစက်ကိရိယာ (ဒေါင်းဖန်းလယ်ထွန်စက် ၂ စီး၊ မျိုးစေ့ချကိရိယာ Drum seeder ၂၃၉ လက်) များနှင့် ယူရီးယားဓာတ်မြေဩဇာများ ပေးအပ်ရာ တောင်သူတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
ကလေးမြို့တွင် မိုးစပါးစိုက်ပျိုးရန် (၁၂၇၈၄၇) ဧက လျာထားပြီး စိုက်ပျိုးမွေးမြူရေးကြီးကြပ်မှုကော်မတီမှ ပန်းတိုင်အထွက်နှုန်းရရှိရေး တောင်သူပညာပေးသင်တန်းများနှင့် ကွင်းဆင်းဆောင်ရွက်ခြင်းများ ဆောင်ရွက်လျက်ပြီး အဆိုပါအခမ်းအနားသို့ ကလေးခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)