ဒဂုံဆိပ်ကမ်း ဇူလိုင် ၂၉
၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲအောင်စာရင်းကို ဇူလိုင် ၂၇ ရက်နေ့ နံနက်က ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်အတွင်းရှိ အ.ထ.က(၃)ကျောင်းနှင့် မြို့နယ်ပညာရေးမှူးရုံးတွင် ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် တက္ကသိုလ်ဝင်တန်းဖြေဆိုသည့် ကျောင်းတွင်း /ကျောင်းပြင် ကျောင်းသား (၃၂၁)ဦး ၊ ကျောင်းသူ (၃၅၀)ဦးစုစုပေါင်း (၆၇၁)ဦး ဝင်ရောက်ဖြေဆိုရာ အောင်မြင် ကျောင်းသား/ကျောင်းသူ(၂၈၃)ဦးတွင် ငါးဘာသာဂုဏ်ထူးရှင်(၁)ဦး၊ လေးဘာသာဂုဏ်ထူးရှင်(၃)ဦး၊ သုံးဘာသာဂုဏ်ထူးရှင် (၈)ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် (၁၀)ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် (၂၀)ဦး စုစုပေါင်း(၄၂)ဦး ဂုဏ်ထူးပါဝင်ကြပြီး အောင်ချက်ရာခိုင်နှုန်း ၄၄.၁၅ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဖြိုးစန္ဒာ (ပြန်/ဆက်)