ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၏၂၀၂၅ ခုနှစ်၊မိုးရာသီအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

ဟင်္သာတ ဇူလိုင် ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ် ပြည်သူ့အားကစားကွင်း၌ ယမန်နေ့ မွန်းလွဲ ၁ နာရီက ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ) ၏ ၂၀၂၅ ခုနှစ်၊ မိုးရာသီအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတွင် ပြိုင်ပွဲဝင်အသင်းများမှ ကွင်းအတွင်းနေရာယူပြီးနောက် ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ) မှ ဒုတိယ ပါမောက္ခချုပ် ဒေါက်တာ ထွန်းမြတ်အောင်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် စစ်ကြောင်းမှူးမှဦးဆောင်၍ အားကစားသမားမျာက အားကစားသစ္စာ အဓိဌာန်ရွတ်ဆိုခြင်းဆောင်ရွက်ခဲ့ပြီး ပြိုင်ပွဲအသင်းများ ကွင်းအတွင်းမှ ပြန်လည် ထွက်ခွာခြင်းများ ပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ) မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာ ထွန်းမြတ်အောင်၊ ကွန်ပျူတာစနစ်နှင့် နည်းပညာမဟာဌာနမှ ပါမောက္ခဌာနမှူး ဒေါက်တာခင်ကြူကြူ၊ သင်တန်းရေးရာဌာန ကြီးမှူး ဒေါ်စန်းစန်းမြင့်၊ ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ)၏ အားကစားကော်မတီဥက္ကဋ္ဌ စီမံဘဏ္ဍာဌာနမှူး ဦးဝင်းမြတ်ထွဋ်၊ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား /သူများနှင့် ပြိုင်ပွဲဝင်အသင်းသား/သူများ စုစုပေါင်း (၃၅၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။ ပြိုင်ပွဲအား Fire Wall FC အသင်း၊ Unique FC အသင်း၊ All Star FC အသင်းနှင့် Phoenix FC အသင်းစသည့် ပြိုင်ပွဲဝင် အမျိုးသား (၄) သင်း၊ အမျိုးသမီး (၄) သင်း တို့မှ ၂၈.၇.၂၀၂၅ ရက်နေ့မှ ၁.၈.၂၀၂၅ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင် ပြန်ဆက် (ဟင်္သာတ)