သတင်းများ

ချမ်းအေးသာစံမြို့နယ်အတွင်း သဘာဝဘေးအတွင်း ပျံလွန်တော်မူခဲ့သော သံဃာတော်များနှင့် လူပုဂ္ဂိုလ်များအတွက် ရည်စူး၍ပရိတ်တရားနာအခမ်းအနား ကျင်းပ
Apr 18,2025
၂၀၂၅ ခုနှစ်မတ်လ (၂၈) ရက်တွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ပျံလွန်တော်မူခဲ့သော သံဃာတော်များနှင့် လူပုဂ္ဂိုလ်များအတွက် ရည်စူး၍ပရိတ်တရားနာအခမ်းအနားကို ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာအနောက်ရပ်ကွက် ၈၅လမ်း၊ ၃၄×၃၅လမ်းကြားရှိ ပရိယတ္တိသာသနာဟိတအသင်းတွင် ယမန်နေ့ နံနက် ၈ နာရီခွဲအချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တာမွေမြို့နယ်၌ မြို့နယ်လုံးကျွတ် အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ပူဇော်ပွဲနှင့် အသက်(၉၀)နှစ် နှင့်အထက် အဘိုးအဘွားများအား ပူဇော်ကန်တော့ပွဲအခမ်းအနားကျင်းပ
Apr 18,2025
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ စီစဉ်ကျင်းပသော ၁၃၈၇-ခုနှစ်၊ မြန်မာ့နှစ်ဆန်းတစ်ရက်နေ့ မြို့နယ်လုံးကျွတ်အန္တရာယ်ကင်း ပရိတ်ရွတ်ဖတ်ပူဇော်ပွဲနှင့် အသက် (၉၀) နှစ်နှင့်အထက် ဘိုးဘွားများအား ပူဇော်ကန်တော့ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ် အဝေရာလမ်းရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
ကျိုင်းတုံမြို့၌ အာခါတိုင်းရင်းသားရိုးရာ ကြက်ဥနီပွဲတော်ကျင်းပ
Apr 18,2025
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ အာခါတိုင်းရင်းသားရိုးရာ ကြက်ဥနီပွဲတော်ကို ယမန်နေ့က အမေ့ရင်ခွင်တော်တွင် ကျင်းပရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလှိုင်၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့) ဥက္ကဋ္ဌ ဦးဇော်လွင်ဦးနှင့် ဒေသခံတိုင်းရင်းသားများ တက်ရောက်ကြသည်။
ဧရာဝတီမြစ်အတွင်း ဇီဝိတဒါနငါးလွှတ်ကုသိုလ်ပွဲ ဟင်္သာတမြို့တွင် ကျင်းပ
Apr 18,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့တွင် မြန်မာနှစ်ဆန်း (၁) ရက်နေ့ နံနက် ၇ နာရီက ဧရာဝတီမြစ်၊ ပခမ်းဆိပ်ကမ်းတွင် ဇီဝိတဒါနငါးလွှတ်ပွဲ ခရိုင်ငါးလုပ်ငန်းဦစီးဌာနမှ ကြီးမှူးကျင်းပခဲ့သည်။
မြန်မာနှစ်ဆန်း (၁) ရက်နေ့တွင် ပြင်ဦးလွင်မြို့၌ ကန်တော်လေးကန်ဘောင်အတွင်း ဇီဝိတဒါနငါးလွှတ်ပွဲကျင်းပ
Apr 18,2025
မြန်မာသက္ကရာဇ် ၁၃၈၇ ခု ၊ မြန်မာနှစ်ဆန်း (၁) ရက် ယမန်နေ့ နံနက် (၈) နာရီက မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး (၆) ရှိ ကန်တော်လေးကန်ဘောင်၌ ဇီဝိတဒါနငါးလွှတ်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
မြဝတီမြို့၌ မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် အန္တရာယ်ကင်းပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ခြင်း၊ ဇီဝိတဒါနငါးလွှတ်ခြင်းနှင့် အာယုဒီဃဂုဏပူဇာသက်ကြီးပူဇော်ခြင်း အခမ်းအနား ကျင်းပ
Apr 17,2025
ကောဇာသက္ကရာဇ် ၁၃၈၇ ခုနှစ် မြန်မာနှစ်ဆန်း(၁)ရက်နေ့ နှစ်သစ်ချိန်ခါသာမယတွင် ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့၏  ရှေးစဉ်လာမပြတ် သံဃာတော်များမှ မြို့တွင်းအန္တရာယ်ကင်း ပရိတ်တရားတော်များရွတ်ဖတ်ပူဇော်ခြင်း၊ ဇီဝိတဒါနငါးလွှတ်ခြင်းနှင့် အာယုဒီဃဂုဏပူဇာ သက်ကြီးပူဇော်ပွဲကျင်းပခြင်းတို့ကို တိုင်းဒေသကြီး၊ ပြည်နယ်များအလိုက်ဆောင်ရွက်ပေးလျက်ရှိရာ ကရင်ပြည်နယ်၊ မြဝတီမြို့တွင်လည်း ယနေ့နံနက်ပိုင်းမှစတင်၍ သံဃာတော်၊ အရှင်သူမြတ်များဦးဆောင်ပြီး မြို့တွင်းလှည့်လည်ကာ အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ပေးသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့် (၃၁/၂၀၂၅) ဖြင့် မြင်းခြံဗဟိုအကျဉ်းထောင်မှ အကျဉ်းသား၊ အကျဉ်းသူ (၁၈) ဦး လွတ်မြောက်
Apr 17,2025
မန္တလေးတိုင်းဒေသကြီး မြင်းခြံဗဟိုအကျဉ်းထောင်အတွင်းရှိ အကျဉ်းသား၊ အကျဉ်းသူများအနက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့် (၃၁/၂၀၂၅) ဖြင့် လွတ်မြောက်သွားသော အကျဉ်းသား၊ အကျဉ်းသူ (၁၈) ဦးအား လွှတ်ပေးခြင်းအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီ ၅၀ မိနစ်က မြင်းခြံဗဟိုအကျဉ်းထောင်တွင် ကျင်းပသည်။
ကစကဲ စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှု အတတ်သင်စခန်းမှ အကျဥ်းသား ၄၀ ဦး လွတ်ငြိမ်းချမ်းသာခွင့်ရ
Apr 17,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ မင်းလံကစကဲကျေးရွာအုပ်စုရှိ ကစကဲစိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင်စခန်းမှ ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဥ်းသား ၄၀ ဦးသည် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ် (၃၁/၂၀၂၅) အရ လွတ်ငြိမ်ချမ်းသာခွင့်ရကြောင်း သိရသည်။