သတင်းများ

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေး ၈/၂၀၂၃ သို့ တက်ရောက်
Sep 14,2023
စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေး ၈/၂၀၂၃ ကို စက်တင်ဘာလ ၁၂ ရက်နေ့၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ကြံခင်းမြို့နယ်အတွင်း ဧရာဝတီမြစ်ရေဝင်ရောက်သဖြင့် အခြေခံပညာမူလတန်းကျောင်း (၂) ကျောင်းအား ယာယီပိတ်ထား
Sep 14,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် ကျောင်းဝန်းအတွင်း ဧရာဝတီမြစ်ရေဝင်ရောက်သဖြင့် အခြေခံပညာမူလတန်း ကျောင်း (၂) ကျောင်းအား ယာယီပိတ်ထားကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ပဲခူးတိုင်းဒေသကြီးသို့ စက်တင်ဘာလတစ်လအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ (၉.၄) သန်းနှင့် ပြည်တွင်းရင်းနှီးမြှုပ်နှံမှု ကျပ် (၂၂၀.၅) သန်း တိုးတက်ဝင်ရောက်ခဲ့
Sep 14,2023
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ယနေ့မွန်းလွဲပိုင်းက တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေးအမှတ်စဉ် (၆/၂၀၂၃) ကျင်းပခဲ့သည်။
မူဆယ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်မှူးမှ မြို့ရုံးလုပ်ငန်းဆောင်ရွက်ချက်များကို လာရောက်စစ်ဆေး
Sep 14,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ရုံးသို့ ခရိုင်ပြန်/ဆက်ဦးစီးဌာနမှ ခရိုင်မှူးနှင့်တကွ တာဝန်ရှိကြသူများက မြို့ရုံး၏လုပ်ငန်းဆောင်ရွက်ချက်များနှင့် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန် ယမန်နေ့မွန်းတည့်(၁၂:၀၀)နာရီအချိန်က လာရောက်စစ်ဆေးခဲ့ပြီး ဌာနတိုးတက်ရေးတို့အတွက် လိုအပ်သည်များကို မှာကြားခဲ့ပါသည်။
ပန်ဆိုင်း(ကြူကုတ်)မြို့ (Community Center)ခန်းမ၌ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စက္ကူရုပ်ခေါက်ပြိုင်ပွဲများ ကျင်းပ
Sep 14,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်) မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Center) ခန်းမ၌ကလေးများအား အသိပညာဗဟုသုတတိုးပွားစေရန်၊ အရောင်များကို ရွေးချယ်တတ်စေရန်နှင့် စိတ်ပျော်ရွှင်စေရန် ရည်ရွယ်၍ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စက္ကူရုပ်ခေါက်ပြိုင်ပွဲကို ယနေ့နံနက်(၁၀:၃၀)နာရီက ဆောင်ရွက်ခဲ့ပါသည်။
ကချင်ပြည်နယ်တရားလွှတ်တော် ပြည်နယ်တရားသူကြီးချုပ် ဦးတူးဂျာ ပြည်ထောင်စုတရား လွှတ်တော်ချုပ်၏ (၂၅) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်း
Sep 14,2023
ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၊ တိုင်းဒေသကြီး/ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်များ တိုင်းဒေသကြီး/ ပြည်နယ် တရား လွှတ်တော် တရားရေးဦးစီးမှူးများ၏ (၂၅)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး လမ်းညွှန် မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းသည့် အစည်းအဝေးကို စက်တင်ဘာ ၁၂ ရက်နေ့ နံနက် ၉ နာရီအချိန်က ကချင်ပြည်နယ် တရားလွှတ်တော် အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပရာ ကချင်ပြည်နယ်တရားလွှတ်တော် ပြည်နယ်တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီး ဦးတူးမော်နှင့် ဦးအောင်မြင့်၊ ပြည်နယ်တရားရေးဦးစီးမှူးနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ် တရားရုံးများမှ တရားရေးအရာရှိများ တက်ရောက်သည်။
HPV သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းအတွက် လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲနှင့် သင်တန်း​ပေးခြင်းအခမ်းအနားကျင်းပ
Sep 14,2023
ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားခရိုင် ဒဂုံမြို့နယ်တွင် ယမန်နေ့နံနက် (၁၀) နာရီအချိန်တွင် HPV သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေးဆွေးနွေးပွဲနှင့် သင်တန်းပေးခြင်း အခမ်းအနားကို ဒဂုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ကျင်းပခဲ့သည်။
ကွမ်းခြံကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကြိုးကြာတောင်ပံခတ်သံစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ
Sep 14,2023
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာပေမြတ်နိုးတန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်နှင့် အချင်းချင်းဝိုင်းဖွဲ့ဆွေးနွေးခြင်းအားဖြင့် တစ်ဦးချင်းစီ၏ အတွေးအခေါ်အသိအမြင်များအား မျှဝေတတ်စေရန် စာပေမှရသော အသိအမြင်ဗဟုသုတများကို အသုံးချတန်ဖိုးရှိသောလူငယ်များ ဖြစ်လာစေရန်ရည်ရွယ်၍ ယမန်နေ့က လူထုအခြေပြုဗဟိုဌာနခန်းမတွင် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။