မချမ်းဘော စက်တင်ဘာ ၁၃
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် လူကုန်ကူးမှုဆိုင်ရာ အသိပညာများ ပြည်သူလူထုအတွင်းစိမ့်ဝင်ပျံ့နှံ့စေရန်နှင့် ဒေသခံပြည်သူများ လူကုန်ကူးမှုအန္တရာယ်မှ တားဆီးကာကွယ်နိုင်ရန် ရည်ရွယ်၍ ယနေ့ကျရောက်သော မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့စာကြည့်တိုက်ရှေ့ နံရံကပ်ပြဘုတ်၌ ပြသဆောင်ရွက်ခဲ့သည်။
အဆိုပါနံရံကပ်စာစောင်တွင် ၂၀၂၃ ခုနှစ် မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ ဆောင်ပုဒ်ဖြစ်သော "လူကုန်ကူးခံရသူတိုင်းကို ဖော်ထုတ်သတ်မှတ်ပြီး ကာကွယ်စောင့်ရှောက်မှုရရှိဖို့ ဆောင်ရွက်ကြပါစို့" ဆောင်ပုဒ်များ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့မှ ထုတ်ပြန်ထားသော ၂၀၂၃ ခုနှစ် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ ရည်ရွယ်ချက်များကိုလည်းကောင်း၊ လူကုန်ကူးခံရနိုင်သည့် နည်းလမ်းများကိုလည်းကောင်း၊ လူကုန်ကူးခြင်းအန္တရာယ်မှ ကာကွယ်နိုင်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့် အချက်များကိုလည်းကောင်း၊ လူကုန်ကူးမှု အန္တရာယ်ကြုံတွေ့လာပါက ဆက်သွယ်အကူအညီတောင်းခံရမည့် ဖုန်းနံပါတ်များ၊ ဆောင်ရွက်ရမည့်အချက်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် လေ့လာသိရှိနိုင်ရန် စိတ်ဝင်စားဖွယ် ခင်းကျင်းပြသထားကြောင်းသိရသည်။
ယောရွှေနီ(မချမ်းဘော)