သာပေါင်းမြို့နယ်၌၂၀၂၃ ခုနှစ်၊ မိုးရာသီစပါး စိုက်ပျိုးစရိတ်ချေးငွေ ကျုံဒဒွန်း၊ဆောင်ပုံ၊ ထန်းကြို့ကုန်း၊ ရွှေညောင်ပင်၊ဥသျှစ်ကျေးရွာအုပ်စုတို့မှ စိုက်ပျိုးဧက (၃၈၅)၊တောင်သူ (၅၀)ဦး၊ချေးငွေ (၅၇၇၅၀၀၀၀) ဆက်လက်ထုတ်ချေးပေးလျက်ရှိ

သာပေါင်း စက်တင်ဘာ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊မြို့နယ်ဘဏ်ခွဲမှ စိုက်ပျိုးစရိတ် ချေးငွေများကို တောင်သူများအား နှစ်စဉ်ထုတ်ချေးပေးလျက်ရှိရာ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် မိုးစပါး စိုက်ပျိုးစရိတ် ချေးငွေများကို ယနေ့ စက်တင်ဘာလ ၁၂ ရက်နေ့၊နံနက် ၉ နာရီခွဲအချိန်မှ စတင်၍ ဆက်လက် ထုတ်ချေးပေးနေလျက်ရှိသည်။

မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်၊မြို့နယ်ဘဏ်ခွဲ မန်နေဂျာဒေါ်မြင့်မြင့်သန်း က တောင်သူများအား မိုးစပါး စိုက်ပျိုးစရိတ် ချေးငွေများကို တစ်ဧကလျှင် ကျပ်တစ်သိန်းခွဲနှုန်း၊တစ်နှစ် ၅% အတိုးဖြင့် ထုတ်ချေးပေးခြင်း ဖြစ်ကြောင်း၊ချေးငွေများထုတ်ချေးပေးရာတွင် ယခင်နှစ်ချေးငွေများ အချိန်မီပြန်လည်ပေးဆပ်ပြီးသည့် တောင်သူများအား ဦးစားပေး ထုတ်ချေးပေးလျက်ရှိကြောင်းနှင့်စိုက်ပျိုးစရိတ်ချေးငွေများကို အကျိုးရှိစွာ သုံးစွဲစေ ရေးတို့ကို ရှင်းလင်းမှာကြားခဲ့ပြီး ကျုံဒဒွန်း ကျေးရွာအုပ်စုမှ မိုးစိုက်ပျိုးစရိတ်ချေးငွေ ကြွေးကျေပြေ တောင်သူ(၁၃)ဦးအား တစ်ဧကလျှင် ကျပ်တစ်သိန်းခွဲနှုန်းဖြင့် (၁၀၉)ဧကအတွက်(၁၆၃၅၀၀၀၀)တစ်ရာ ခြောက်ဆယ် သုံးသိန်း ငါးသောင်းကျပ်၊ဆောင်ပုံကျေးရွာအုပ်စုမှ မိုးစိုက်ပျိုးစရိတ်ချေးငွေ ကြွေးကျေပြေ တောင်သူ(၁)ဦးအား တစ်ဧကလျှင် ကျပ်တစ်သိန်းခွဲ နှုန်းဖြင့်(၆)ဧကအတွက် (၉၀၀၀၀၀)ကိုးသိန်းကျပ်၊ ထန်းကြို့ကုန်း ကျေးရွာအုပ်စုမှ မိုးစိုက်ပျိုးစရိတ်ချေးငွေ ကြွေးကျေပြေ တောင်သူ (၁၅)ဦးအား တစ်ဧကလျှင် ကျပ်တစ်သိန်းခွဲနှုန်းဖြင့်(၁၂၂)ဧကအတွက်(၁၈၃၀၀၀၀၀)တစ်ရာ ရှစ်ဆယ် သုံးသိန်းကျပ်၊ရွှေညောင်ပင် ကျေးရွာအုပ်စုမှ မိုးစိုက်ပျိုးစရိတ်ချေးငွေ ကြွေးကျေပြေ တောင်သူ(၂၀)ဦးအား တစ်ဧကလျှင် ကျပ်တစ်သိန်းခွဲ နှုန်းဖြင့်(၁၃၈)ဧကအတွက်(၂၀၇၀၀၀၀၀)နှစ်ရာ ခုနှစ်သိန်းကျပ်၊ဥသျှစ် ကျေးရွာအုပ်စုမှ မိုးစိုက်ပျိုး စရိတ်ချေးငွေ ကြွေးကျေပြေ တောင်သူ(၁)ဦးအား တစ်ဧကလျှင် ကျပ်တစ်သိန်းခွဲနှုန်း ဖြင့်(၁၀)ဧကအ တွက်(၁၅၀၀၀၀၀)တစ်ဆယ် ငါးသိန်းကျပ်၊ပေါင်း မိုးစိုက်ပျိုးစရိတ်ချေးငွေ ကြွေးကျေပြေ တောင်သူ(၅၀) ဦးအား တစ်ဧကလျှင် ကျပ်တစ်သိန်းခွဲနှုန်းဖြင့်(၃၈၅)ဧကအတွက်(၅၇၇၅၀၀၀၀)ငါးရာ ခုနှစ်ဆယ် ခုနှစ်သိန်း ငါးသောင်းကျပ်တို့ကို မိုးစိုက်ပျိုးစရိတ်ချေးငွေ ကြွေးကျေပြေတောင်သူများ လက်ဝယ်အရောက် ထုတ်ချေးပေးခဲ့သည်။

နိုင်ငံတော်မှ လယ်ယာစိုက်ပျိုးရေး လုပ်ကိုင်သည့် တောင်သူများအား စိုက်ပျိုးစရိတ်အရင်းအနှီး ရရှိစေရေး အတွက် နှစ်စဉ်ထုတ်ချေးပေးခြင်းဖြစ်ကြောင်း၊မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေအား မေလမှ စက်တင်ဘာလ အထိ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း၊ယခင်နှစ်ကြွေးကျန်ရှိသည့် တောင်သူများအနေဖြင့်လည်း အချိန်မီပေး ဆပ်ပြီးသည့် တောင်သူများနှင့်ကိုဗစ် ချေးငွေပါ ပြေကြေပြီးသည့် တောင်သူများအား ဆက်လက် ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်းနှင့် ကျေးရွာအုပ်စု(၆၈)၊ စိုက်ပျိုးဧက(၃၆၅၀၀)၊ ချေးငွေ (၅၄၇၅၀၀၀၀၀၀) ကို ထုက်ချေးပေးထားရန် လျာထားပြီး၊မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊မြို့နယ်ဘဏ်ခွဲ မြို့နယ် မန်နေဂျာ ဒေါ်မြင့်မြင့်သန်းထံမှ သိရသည်။

မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်