သရက်မြို့၌ လျှပ်စစ်အန္တရာယ် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

သရက် ဇူလိုင် ၂၉

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ သရက်ခရိုင်/မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးမှ ဝန်ထမ်းများက လျှပ်စစ်အန္တရာယ်အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယမန်နေ့နံနက် (၇)နာရီက မြို့မဈေးရှေ့တွင် ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါ လက်ကမ်းစာစောင်တွင် မိသားစုလျှပ်စစ်အန္တရာယ်ကင်းရှင်းရေး၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းရန် သတိပြုဆောင်ရွက်ရန်အချက်များပါဝင်ပြီး ဓာတ်အားလိုင်းကြိုးများပြတ်ကျခြင်း၊ လျော့ကျနေခြင်း၊ ဓာတ်အားလိုင်းကြိုးများပေါ်သို့ သစ်ပင်များ၊ သစ်ကိုင်းများလဲကျ၊ ကျိုးကျနေခြင်း၊ မိုးဒဏ်၊ လေဒဏ်ကြောင့် ဓာတ်တိုင်များယိုင်လဲခြင်း၊ ထရန်စဖော်မာခြံဝန်းများအတွင်းသို့ တာဝန်ရှိသူမဟုတ်ဘဲ ဝင်ရောက်ခြင်း၊ ကလေးများဝင်ရောက်ဆော့ကစားခြင်း၊ လျှပ်စစ်ကျွမ်းကျင်မှုလက်မှတ်မရှိဘဲ ဓာတ်အားလိုင်းများအားပြုပြင်ဆောင်ရွက်ခြင်း၊ အိမ်တွင်းလျှပ်စစ်လုပ်ငန်းများ ဆောင်ရွက်ပြုပြင်ခြင်းများ စသည့် လျှပ်စစ်အန္တရာယ်ဖြစ်နိုင်သော အချက်များတွေ့ရှိပါက နီးစပ်ရာလျှပ်စစ်ရုံးများသို့ အမြန်ဆက်သွယ်အကြောင်းကြားရန် နှိုးဆော်ထားသည့်အပြင် ရုံးဆင်းအိမ်ပြန်လျှင် ရုံးခန်းမီးခလုတ်များ ပိတ်ခြင်း၊ မီးပလပ်များဖြုတ်ခဲ့ရန် သတိပေးချက်များပါဝင်ကြောင်း သိရသည်။

ဇော်ထက်(သရက်)