မိုးကောင်း ဇူလိုင် ၂၉
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့တွင် ယမန်နေ့နံနက်ပိုင်းက လူနေအိမ်(၂)လုံး မီးလောင်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ နတ်ကြီးကုန်းရပ်ကွက် ရှမ်းပိုင်းရှိ နကတ(၆၃၄)နေအိမ်ပိုင်ရှင် ဦးမြင့်အောင်၏ အလျား(၂၇)ပေ × အနံ(၁၈)ပေ၊ အမြင့်(၁၈)ပေရှိ သွပ်မိုးထရံကာ၊ ပျဉ်ခင်းနှစ်ထပ်အိမ်တွင် ယနေ့နံနက်(၁၀)နာရီ မိနစ်(၅၀)ခန့်က ပါဝါဘဏ့်ကို အချိန်ကြာမြင့်စွာအားသွင်းထားသည့်ပလပ်ခုံမှ ရှော့ဖြစ်ကာ မီးပွါးလွှင့်စင်၍ အနီးရှိထရံသို့မီးကူးစက် မီးလောင်ပျက်စီးပြီး ၎င်းခြံဝန်းရှိ (၁၈)ပေပတ်လည် ပျဉ်ခင်း၊ သွပ်မိုး၊ ဖိုင်ဘာပြားကာ နေအိမ်အပါ မီးလောင်ကျွမ်းခဲ့သည်။
ယင်းဖြစ်စဉ်အား မီးသတ်ဦးစီးဌာနမှ အရန်(၁၅)ဦး၊ သန္ဓေ(၈)တို့က မီးငြိမ်းသတ်ယာဉ်(၃)စီး၊ ရေသယ်ယာဉ်(၁)စီးတို့ဖြင့် ရေဂါလံ(၄၀၀၀)အသုံးပြု မီးငြိမ်းသတ်ခဲ့ရာ (၁၁)နာရီ(၁၅)မိနစ်ခန့်တွင် မီးညွှန့်ကျိုးခဲ့ကြောင်း သိရသည်။
အဆိုပါမီးလောင်မှုကြောင့် ဦးမြင့်အောင်(၄၇)နှစ်၊ (ဘ)ဦးထွန်းကြည်အား မြို့နယ်ရဲစခန်းမှ အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
သန်းလွင်ဦး(ပြန်/ဆက်)