သတင်းများ

မိုင်းယောင်းမြို့နယ်တွင် ဧည့်စာရင်းတိုင်ကြားထားခြင်း ရှိ၊ မရှိစစ်ဆေး
Sep 15,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ ဧည့်စာရင်းတိုင်ကြားထားခြင်း ရှိ၊ မရှိကို ယမန်နေ့ ည ၈ နာရီတွင် တာဝန်ရှိသူများက ဧည့်စာရင်း စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မင်းတုန်းမြို့၌ အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော ကျောင်းသူ‌များအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ထိုးနှံနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်
Sep 15,2023
မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်တွင် အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံနိုင်‌ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ညနေ ၂ နာရီက မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာ/ကုသျရးရေးဦးစီးဌာနမှူး ဒေါက်တာ ထွန်းလင်းအောင်က သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ထိုးနှံခြင်းရည်ရွယ်ချက်မှာ ဗိုင်းရပ်(စ်)ပိုးနှင့် စတင်ထိတွေ့ခြင်းမရှိမီအချိန်တွင် မိန်းကလေးငယ်များကို သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး(HPV) ထိုးနှံပေးခြင်းအားဖြင့် ကြိုတင်ကာကွယ်ထားနိုင်မှု မြင့်မားသည့်အတွက် အသက်(၉)နှစ် ပြည်ပြီး (၁၂)နှစ်မကျော်သော မိန်းကလေးငယ်များတွင် စတင်ထိုးနှံရန်လိုကြောင်း ဆွေးနွေးခဲ့သည်။
ရပ်ကွက်နေပြည်သူများအား စားသုံးဆီများကို ပြင်ပပေါက်စျေးထက် လျှော့ချကာ ဆက်လက်ရောင်းချပေး
Sep 15,2023
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ကန့်ဘလူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီမံဆောင်ရွက်မှုဖြင့် ရပ်ကွက်နေ ပြည်သူများအား စားသုံးဆီများကို ပြင်ပပေါက်စျေးထက် လျှော့ချရောင်းပေးခြင်းတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ကြီးကြပ်၍ ဆီကုန်သည်များနှင့် ပူးပေါင်းကာ ယနေ့နံနက် ၇ နာရီက စည်ပင်သာယာခန်းမ၌ ဆက်လက်ရောင်းချပေးခဲ့ကြောင်း သိရသည်။
ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန် ကျုံထရံသံဒင်းကျေးရွာရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံ
Sep 15,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ ယနေ့နံနက် ၉ နာရီခွဲအချိန်က ဝါးခယ်မမြို့နယ်၊ ကျုံထရံသံဒင်း‌ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၏ စီမံညွှန်ကြားမှုဖြင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးဇော်သန်း ဦးဆောင်သော အဖွဲ့ဝင်များမှ ၎င်း‌ကျေးရွာရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
မောက်မယ်မြို့နယ် အ.ထ.က(ပူယာစန်း)ကျောင်းသား ကျောင်းသူများအား ဇီဝဆိုင်ရာအချက်အလက် Biometric Data ကောက်ယူခြင်း ကွင်းဆင်းဆောင်ရွက်
Sep 15,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် လူဝင်ကြီးကြပ်ရေးနှင့်ပြည့်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ဟိုနမ့်ကျေးရွာအုပ်စု၊ အ.ထ.က (ပူယာစန်း) ရှိ ကျောင်းသား/ကျောင်းသူများအား ဇီဝဆိုင်ရာအချက်အလက် Biometric Data ကောက် ယူခြင်းလုပ်ငန်းစဉ်များ ယမန်နေ့က ကွင်းဆင်း၍ သွားရောက်ဆောင်ရွက်ပေးကြောင်း သိရသည်။
မြောင်းမြမြို့၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းဆင်းပွဲ ကျင်းပ
Sep 15,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၌ ကျေးလက်‌ဒေသဖွံ့ဖြိုးတိုးတက်‌ရေးဦးစီးဌာနမှ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းဆင်းပွဲ အခမ်းအနားကို မြစိမ်းရောင်တောင်ရှိ သုဒဿနဓမ္မာရုံ၌ ယမန်နေ့နံနက် ၁၀နာရီ အချိန်က ကျင်းပခဲ့သည်။
ရွေဘိုမြို့တွင် အသိပညာ​​ပေး​ ဟော​ပြောပွဲကျင်းပ
Sep 15,2023
စစ်ကိုင်းတိုင်း​ဒေသကြီး​ ရွှေဘိုခရိုင်​ လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနနှင့်​ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူး​ပေါင်းကာ အသိပညာ​ပေး​ဟော​ပြောပွဲကို အမှတ် (၁၀) ရပ်ကွက် သရက်ခြံ​ကျောင်းတွင်၊​ ယမန်နေ့ မွန်းလွဲပိုင်းအချိန်က ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။
ကလေးမြို့၌  စာဖတ်ဝိုင်းပြုလုပ်
Sep 15,2023
စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ဝန်ထမ်းများအချင်းချင်းရင်းနှီးမှုရှိပြီး စာဖတ်သည့်အလေ့အထ အကျင့်ကောင်းများကို လက်ဆင့်ကမ်းနိုင်ရန်နှင့် စာဖတ်ဝိုင်းမှတစ်ဆင့် ဘ၀အထောက်အပံ့ဖြစ်စေမည့် အတွေးအခေါ်ကောင်းများ ရရှိရန်ရည်ရွယ်၍ စာရေးဆရာအောင်သင်းရေးသားသည့် ရည်မှန်းချက်နှင့် ပြဿနာအထွေထွေ စာအုပ်ကိုစက်တင်ဘာ ၁၅ ရက် မွန်းလွဲ ၂ နာရီက ကလေးခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်သည်။