စစ်တွေမြို့၌ စားသုံးဆီများအား သက်သာသောဈေးနှုန်းဖြင့်ရောင်းချ
Sep 15,2023
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နေ ဒေသခံပြည်သူများအား စားသုံးဆီများကို ပြင်ပပေါက်ဈေးထက် သက်သာစွာ ဝယ်ယူစားသုံးနိုင်ရန်အတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ စီစဉ်မှုဖြင့် ရခိုင်ပြည်နယ် ဆီကုန်သည် နှင့် ဆီလုပ်ငန်းရှင်များအသင်းက ယနေ့နံနက်ပိုင်းမှစ၍ စစ်တွေမြို့ပေါ်ရှိ မြို့မဈေးကြီး၊ နာဇီဈေး၊ ရွှေပြားဈေး၊ မောလိပ်ရပ်ကွက် ဘကျော်ခွဆုံ၊ ရွာကြီးတောင်ရပ်ကွက်နှင့် ရွာကြီးမြောက် ရပ်ကွက်နေရာများတွင်စားသုံးဆီများကို သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိ သည်။