သတင်းများ

ပြည်မြို့တွင် ၂၀၂၃ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အခမ်းအနားကျင်းပ
Sep 15,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံး၌ ယနေ့နံနက်ပိုင်းက ၂၀၂၃ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေး‌နေ့အထိမ်းအမှတ် အခမ်းအနားကျင်းပရာ ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်သည်။
မိုင်းယုမြို့၌ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်း ကျင်းပ
Sep 15,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းကို ယနေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ် ကျင်းပခဲ့သည်။
လပွတ္တာမြို့နယ်၊ အမှတ် (၃)အခြေခံပညာအထက်ကျောင်း၌ လူငယ်စကားဝိုင်းကျင်းပပြုလုပ်
Sep 15,2023
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက် (၁၀)နာရီက အမှတ် (၃)အခြေခံပညာ အထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဂန့်ဂေါမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်း အသိပညာပေး ဆွေးနွေးပွဲပြုလုပ်
Sep 15,2023
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်တွင် အသက် ၉ နှစ်ပြည့်ပြီး ၁၂ နှစ်အတွင်းရှိသော အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်း မြို့နယ်အဆင့်အသိပညာပေး ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
ကျေးသီးမြို့နယ်၌ ဒေသခံပြည်သူများအား စားအုန်းဆီများ စျေးနှူန်းသက်သာစွာဖြင့် ရောင်းချပေး
Sep 15,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများနှင့် ရပ်ကွက်နေပြည်သူများအား စားအုန်းဆီများကို သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ကျေးသီးမြို့ပေါ်(၆) ရပ်ကွက်ရုံးများတွင် ရောင်းချပေးလျက်ရှိသည်။
ဆီဆိုင်မြို့၌ သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံခြင်း အသိပညာပေးဆွေးနွေးပွဲ ကျင်းပ
Sep 15,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး HPV ထိုးနှံခြင်း အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ကျောက်တံခါးမြို့နယ်တွင် စာရေးဆရာချစ်နိုင် (စိတ်ပညာ) ရေးသားသည့် "လူငယ်နှင့် အခွင့်အလမ်း" စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်
Sep 15,2023
ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ Community Center ခန်းမ၌ စာရေးဆရာချစ်နိုင် (စိတ်ပညာ) ရေးသားသည့် "လူငယ်နှင့်အခွင့်အလမ်း" စာအုပ်ဖြင့် Book Club အဖွဲ့ဝင်များနှင့်စာဖတ်ဝိုင်းကို ယမန်နေ့ နေ့လယ်က ပြုလုပ်ခဲ့သည်။ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက စာဖတ်ဝိုင်းကျင်းပရသည့် ရည်ရွယ်ချက်ကို ပြောကြားပြီး Book Club အဖွဲ့ဝင် ဒေါ်နုနုခင်က "လူငယ်နှင့်အခွင့်အလမ်း" ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးသည်။
ဘောဂလိမြို့ လူထုအခြေပြုဗဟိုဌာနခန်းမတွင် Book Club အသင်းနှင့်ပူးပေါင်း၍ စာဖတ်ဝိုင်းပြုလုပ်
Sep 15,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့တွင် ဒေသနေပြည်သူများ စာပေများဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန်နှင့် စာပေဖတ်ရှုခြင်းမှရရှိသော စာဖတ်ခြင်း၏အကျိုးကျေးဇူးများအကြောင်းသိရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပုံမှန်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၉)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာ ဒေါက်တာကျော်စိန်ရေးသားသော "လူငယ်လမ်းညွှန်"စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပြုလုပ်ခဲ့ကြောင်း သိရသည်။