သတင်းများ

ကမမောင်းမြို့တွင်   ကလေးအလုပ်သမားပပျောက်ရေး   အသိပညာပေးနံရံကပ်နှင့် လူကုန်ကူးမှုတိုက်ဖျက်ဖို့တာဝန်ကိုယ်စီယူကြစို့ အသိ ပညာပေးနံရံကပ်စာစောင်များပြသ
Sep 15,2023
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်နှင့် လူကုန်ကူးမှုတိုက်ဖျက်ဖို့တာဝန်ကိုယ်စီယူကြစို့ အသိပညာပေး နံရံကပ်စာစောင်များပြသခြင်းကို ယနေ့နံနက်(၁၁) နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ပြသပေးလျက်ရှိကြောင်း သိရသည်။
မင်းလှမြို့နယ်တွင် ဘိန်းအစားထိုးသီးနှံစိုက်ပျိုးမည့် တောင်သူများအား ပျိုးပင်နှင့် ပံ့ပိုးပစ္စည်း ထောက်ပံ့ပေး
Sep 15,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ  သွေးကျောက်ကျေးရွာနှင့် ပနီဆုံကျေးရွာများမှ ဘိန်းအစားထိုးသီးနှံ စိုက်ပျိုးမည့်တောင်သူများအား ပျိုးပင်များနှင့် ပံ့ပိုးပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့နံနက် (၉)နာရီခွဲက လက်ပံတံခါးကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
သာပေါင်းမြို့နယ်အတွင်းရှိ အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ် မကျော်သော မိန်းကလေးများအား သားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံနိုင်ရေးသင်တန်း ဖွင့်လှစ်
Sep 15,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ် မကျော်သော မိန်းကလေးများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV)ထိုးနှံနိုင်ရေး သင်တန်းကို စက်တင်ဘာလ ၁၃ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်က ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ သင်တန်းဖွင့်လှစ်ပို့ချခဲ့သည်။
ကန်ကြီးထောင့်မြိုနယ်တွင် စားအုန်းဆီများအား သတ်မှတ်ရည်ညွှန်းဈေးနှင့် ရောင်းချမှု ရှိ/မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်
Sep 15,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် စားအုန်းဆီများအား သတ်မှတ်ရည်ညွှန်းဈေးနှင့် ရောင်းချမှု ရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ကန်ကြီးထောင့်မြို့နယ်၊ ဒါးကကျေးရွာတွင် ဆောင်ရွက်ခဲ့သည်။
ကျောက်ဆည်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းနှင့် အသိပညာပေးနံရံကပ်စာစောင်များ ပြသ
Sep 15,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့ညနေ(၃)နာရီက စာရေးဆရာ ခင်စောတင့် ရေးသားသည့် စွန့်စားမှုပါတဲ့ ခြေတစ်လှမ်း စာအုပ်စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျိန္တလီမြို့၌ ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲ ကျင်းပ
Sep 15,2023
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ ကာယ၊ ဉာဏစွမ်းရည်ပြိင်ပွဲကို ယမန်နေ့ ညနေပိုင်း အချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
မလှိုင်မြို့နယ်၌ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု၊ အဆို ၊ အက ၊ အရေး ၊ အတီးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
Sep 15,2023
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၌ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု၊ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို (၁၃.၉.၂၀၂၃)ရက်နေ့ နံနက်ပိုင်းက ကျင်းပခဲ့ပြီး ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
လားရှိုးခရိုင် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ
Sep 15,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာအဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ည ၇နာရီ အချိန်က လားရှိုးမြို့ ၊ မြို့တော်ခန်းမတွင် ကျင်းပ ပြုလုပ်သည်။