သတင်းများ

ပီတိပညာရေးပရဟိတမှ အငြိမ်းစားယူထားသည့် ပညာရေး(ငြိမ်း) ဆရာကြီး/ဆရာမများအား ထောက်ပံ့ငွေပေးအပ်
Oct 08,2023
မကွေးတိုင်းဒေသကြီး၊ သရက်မြို့တွင် အငြိမ်းစားယူထားသည့် ပညာရေး(ငြိမ်း)ဆရာမကြီး/ဆရာမကြီး(၃)ဦးအား ပီတိပညာရေးပရဟိတမှ ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို  ယမန်နေ့နံနက်(၉)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌ ကျင်းပခဲ့သည်။
ကျွန်းစုမြို့နယ်တွင် ၂၀၂၃ ခုနှစ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား ဖိတ်ခေါ်ဂျူဒိုပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပ
Oct 08,2023
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် ၂၀၂၃ ခုနှစ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား ဖိတ်ခေါ်ဂျူဒိုပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ညနေ(၃)နာရီအချိန်က မြို့နယ်မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
တိုင်းဒေသကြီးဝန်ကြီးချုပ် အုန်းချောင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း နှစ်ထပ်ကျောင်းဆောင်သစ်အား တက်ရောက်ဖွင့်လှစ်၊ ချောင်းသာမြို့ရှိ ဌာနဆိုင်ရာများ ဟိုတယ်လုပ်ငန်းရှင်များနှင့် တွေ့ဆုံ
Oct 08,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့၊ အုန်းချောင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ (၁၄၀ပေ×၃၀ပေ) RC နှစ်ထပ်ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။
ကျိုင်းတုံမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား အထူးကုဆရာဝန်ကြီးများက ကွင်းဆင်း ကျန်းမာရေးစောင့်ရှောက်ကုသမှုပေးခြင်းများ ဆောင်ရွက်
Oct 08,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ သက်ရှည်ကျန်းမာကြံ့ခိုင်စေရေးအတွက် ကျန်းမာရေးစောင့်ရှောက်ကုသပေးခြင်းကို အောက်တိုဘာ ၇ ရက် မှ ၈ ရက်အထိ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများက ကျိုင်းတုံမြို့ ခုတင်(၂၀၀)အထွေထွေရောဂါကုဆေးရုံကြီး၌ ကွင်းဆင်းဆောင်ရွက်ပေးကြောင်း သိရသည်။
ကလေးမြို့နယ်၊ ကျောင်းတိုက်ကျေးရွာတွင် ဒေသခံပြည်သူများအား နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်
Oct 08,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ကလေးတပ်နယ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့က ဒေသခံပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်‌ပေးခြင်းကို ယမန်နေ့က ကျောင်းတိုက်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၌ ‌ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ဗဟန်း၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ
Oct 08,2023
ဗလငါးတန်နှင့်ပြည့်စုံသည့် ကျောင်းသား၊ ကျောင်းသူများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့၊ နေ့လယ် ၁ နာရီက‌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း) လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပပြုလုပ်သည်။
တတိယအကြိမ်မြောက် သဘင်သက်ကြီးပူဇော်ပွဲအခမ်းအနား ကျင်းပ
Oct 08,2023
မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)ကကြီးမှူးကျင်းပသည့် တတိယအကြိမ်မြာက် သဘင်သက်ကြီးပူဇော်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၂)နာရီတွင် ရန်ကုန်မြို့ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံ၌ ကျင်းပသည်၊၊
ကျိုက်ထိုမြို့ ဆံတော်ရှင်ကျိုက်ထီးရိုး တောင်တက်ကားလမ်း မြေသားများ ပြိုကျမှုဖြစ်
Oct 08,2023
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ဆံတော်ရှင်ကျိုက်ထီးရိုး တောင်တက်ကားလမ်း၊ ကင်မွန်းချောင်းကျေးရွာမှ (၇)မိုင် (၄)ဖာလုံ၊ ရသေ့တောင်နှင့် စခန်းလေးကြား ကားလမ်း၏ ယာဘက်အခြမ်း ချောက်ဘက်တွင် ယနေ့နံနက် (၁၁)နာရီ (၅၀) မိနစ်ခန့်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အကျယ် (၃၅)ပေခန့် မြေသားများ ပြိုကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။