မြောင်းမြမြို့၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းဆင်းပွဲ ကျင်းပ

မြောင်းမြ စက်တင်ဘာ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၌ ကျေးလက်‌ဒေသဖွံ့ဖြိုးတိုးတက်‌ရေးဦးစီးဌာနမှ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းဆင်းပွဲ အခမ်းအနားကို မြစိမ်းရောင်တောင်ရှိ သုဒဿနဓမ္မာရုံ၌ ယမန်နေ့နံနက် ၁၀နာရီ အချိန်က ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြောင်းမြခရိုင် ကျေးလက်‌ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊  ဒုတိယညွှန်ကြားရေးမှူး ဒေါ်အေးအေးကြူက အဖွင့်အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ သင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယရရှိသူများအား မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဇင်ဇင်ထွန်းမှ ဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းကို သင်တန်းသူ(၃၀)ဦးဖြင့် ဩဂုတ်လ ၁၆ ရက်နေ့မှ စက်တင်ဘာ ၁၄ ရက်နေ့ အထိ (၁)လကြာဖွင့်လှစ်သင်ကြားခဲ့ပြီး ဘာသာရပ်(၁၃)မျိုးတို့ကို စာ‌တွေ့လက်တွေ့ သင်ကြားပို့ချ‌ပေးခဲ့ကြောင်း သိရသည်။

ဝေဝေ(မြောင်းမြ)