မင်းတုန်း စက်တင်ဘာ ၁၅
မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်တွင် အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံနိုင်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ညနေ ၂ နာရီက မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာ/ကုသျရးရေးဦးစီးဌာနမှူး ဒေါက်တာ ထွန်းလင်းအောင်က သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ထိုးနှံခြင်းရည်ရွယ်ချက်မှာ ဗိုင်းရပ်(စ်)ပိုးနှင့် စတင်ထိတွေ့ခြင်းမရှိမီအချိန်တွင် မိန်းကလေးငယ်များကို သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး(HPV) ထိုးနှံပေးခြင်းအားဖြင့် ကြိုတင်ကာကွယ်ထားနိုင်မှု မြင့်မားသည့်အတွက် အသက်(၉)နှစ် ပြည်ပြီး (၁၂)နှစ်မကျော်သော မိန်းကလေးငယ်များတွင် စတင်ထိုးနှံရန်လိုကြောင်း ဆွေးနွေးခဲ့သည်။
ထို့နောက် မြို့နယ်ကူးစက်ရောဂါတိုက်ဖျက်ရေးဌာန လက်ထောက်ကျန်းမာရေးမှူး ဒေါ်ခင်မာချိုက သားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံနိုင်ရေးအတွက် ကျေးလက်ကျန်းမာရေးဌာန/ဌာနခွဲမရှိသော ကျေးရွာများတွင် ပညာဝန်ထမ်းများမှ လူဦးရေစာရင်းကောက်ယူပေးနိုင်ရန် ဆွေးနွေးခဲ့သည်။ အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ဖိတ်ကြားထားသော ဌာနဆိုင်ရာများနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)