ရွေဘိုမြို့တွင် အသိပညာ​​ပေး​ ဟော​ပြောပွဲကျင်းပ

​ရွှေဘို စက်တင်ဘာ ၁၅

စစ်ကိုင်းတိုင်း​ဒေသကြီး​ ရွှေဘိုခရိုင်​ လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနနှင့်​ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူး​ပေါင်းကာ အသိပညာ​ပေး​ဟော​ပြောပွဲကို အမှတ် (၁၀) ရပ်ကွက် သရက်ခြံ​ကျောင်းတွင်၊​ ယမန်နေ့ မွန်းလွဲပိုင်းအချိန်က ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။

​ဟော​ပြောပွဲတွင် ​ရွှေဘိုခရိုင်လူမှုဝန်ထမ်းရုံး၊ လက်​ထောက်ညွှန်ကြား​ရေးမှူး ​ဒေါ်ကြွယ်ကြွယ်ဝင်းက က​လေးသူငယ်အခွင့်အ​ရေးများနှင့်ပတ်သက်၍ ရှင်းလင်း​ပြောကြားခဲ့ပြီး၊ ဦးစီးအရာရှိက၊ ပြစ်မှု၊ပြစ်ဒဏ်များ၊ ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန ဦးစီးအရာရှိက လူကုန်ကူးမှုအ​ကြောင်း သိ​ကောင်းစရာများ၊​ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ​ဒေါ်​ချောစုက ဘေး၉မျိုးနှင့်ပတ်သက်၍ ဖြစ်​ပေါ်လာပါက ကြိုတင်ကာကွယ်ရမည့် အချက်များ၊ စောင်ရန်​ရှောင်ရန်အချက်များ စသည်တို့ကိုဟော​ပြော​ခဲ့​ပြီး လူမှုဝန်ထမ်းဦးစီးဌာနမှ​​မေးခွန်းတိုများမေးမြန်းရာ ပြန်လည်​ဖြေကြား​​​ပေးသည့်​ ကျောင်းသား​ကျောင်းသူ​လေးများအား၊ စာအုပ်​ဘောပင်၊ မုန့်၊ အချိုရည်များ ဆုချ​ပေးခဲ့​ကြောင်းသိရသည်။

ဟော​ပြောပွဲသို့​ ကျောင်းသား​ကျောင်းသူ (၁၈၀) ဦး​တက်​ရောက်ခဲ့ပြီး၊ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ခရိုင်ပြန်ကြား​ရေးနှင့်ပြည်သူဆက်ဆံ​ရေးဦးစီးဌာန၊ ခရိုင်​ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့မှ အသိပညာ​ပေးလက်ကမ်းစာ​​စောင်များဖြန့်ဝေ​ပေးခဲ့ပြီး နံရံကပ်စာ​စောင်များပြသရာ စိတ်ပါဝင်စားစွာ ကြည့်ရှု့ခဲ့​ကြောင်း သိရသည်။

အေးမြင့်စန်း

ခရိုင် (ပြန်/ဆက်)