မောက်မယ်မြို့နယ် အ.ထ.က(ပူယာစန်း)ကျောင်းသား ကျောင်းသူများအား ဇီဝဆိုင်ရာအချက်အလက် Biometric Data ကောက်ယူခြင်း ကွင်းဆင်းဆောင်ရွက်

မောက်မယ် စက်တင်ဘာ ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် လူဝင်ကြီးကြပ်ရေးနှင့်ပြည့်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ဟိုနမ့်ကျေးရွာအုပ်စု၊ အ.ထ.က (ပူယာစန်း) ရှိ ကျောင်းသား/ကျောင်းသူများအား ဇီဝဆိုင်ရာအချက်အလက် Biometric Data ကောက် ယူခြင်းလုပ်ငန်းစဉ်များ ယမန်နေ့က ကွင်းဆင်း၍ သွားရောက်ဆောင်ရွက်ပေးကြောင်း သိရသည်။

လူဝင်ကြီးကြပ်ရေးနှင့်ပြည့်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်းနေထိုင်သူ အသက်(၁၀)နှစ်နှင့်အထက် နိုင်ငံသားတို့၏ Biometric Data အချက်အလက်များကောက်ယူ၍ Database တွင် သိမ်းဆည်းပြီး ဂဏန်း(၁၀)လုံးပါဝင်သည့် Unique ID နံပါတ်သတ်မှတ်၍ မှတ်ပုံတင်ထုတ်ပေးနိုင်ရေးကို လူဝင်ကြီးကြပ်ရေးနှင့်ပြည့်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးငွေထွန်း၏ ကြီးကြပ်မှုဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဟိုနမ့်ကျေးရွာအုပ်စု၊ အ.ထ.က(ပူယာစန်း)ရှိ အသက် (၁၀)နှစ်အထက် ကျောင်းသား/ကျောင်းသူများ  Biometric Data အချက်အလက် ကောက်ယူခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိပြီး ကျန်ရှိနေသေးသည့် အခြေခံပညာကျောင်းများသို့ ဆက်လက်ကွင်းဆင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လူဝင်ကြီးကြပ်ရေးနှင့်ပြည့်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)