ကျောက်တံခါး စက်တင်ဘာ ၁၅
ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ Community Center ခန်းမ၌ စာရေးဆရာချစ်နိုင် (စိတ်ပညာ) ရေးသားသည့် "လူငယ်နှင့်အခွင့်အလမ်း" စာအုပ်ဖြင့် Book Club အဖွဲ့ဝင်များနှင့်စာဖတ်ဝိုင်းကို ယမန်နေ့ နေ့လယ်က ပြုလုပ်ခဲ့သည်။ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက စာဖတ်ဝိုင်းကျင်းပရသည့် ရည်ရွယ်ချက်ကို ပြောကြားပြီး Book Club အဖွဲ့ဝင် ဒေါ်နုနုခင်က "လူငယ်နှင့်အခွင့်အလမ်း" ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးသည်။
ဆက်လက်ပြီး Book Club အဖွဲ့ဝင် ဒေါ်တင်စန်းက "အားတက်အောင် စကားလက်ဆောင်"၊ ဒေါ်အေးအေးသင်းက" လူ့တန်ဖိုး"၊ ဒေါ်ဇင်မာထွေးက" လူထဲလူ အတူတူမဟုတ်"၊ ဦးစိုးငြိမ်းက "ဘဝထဲက သင်ခန်းစာ" စသည့်ခေါင်းစဥ်များဖြင့် ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
မြို့နယ် (ပြန်/ဆက်)