ကျေးသီး စက်တင်ဘာ ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများနှင့် ရပ်ကွက်နေပြည်သူများအား စားအုန်းဆီများကို သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ကျေးသီးမြို့ပေါ်(၆) ရပ်ကွက်ရုံးများတွင် ရောင်းချပေးလျက်ရှိသည်။
အဆိုပါ စားသုံးဆီများရောင်းချရာတွင် ကျေးသီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဉီးထူးထက်၏ ဉီးဆောင်မှုဖြင့် နယ်မြေခံတပ်ရင်း၊ တပ်ဖွဲ့များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များက ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်ကွက်နေပြည်သူများအား စားသုံးဆီများကို သက်သာသောဈေးနှုန်းဖြင့် စားသုံးဆီတစ်ပိဿာလျှင် ငွေကျပ်(၄၈၀၀)နှုန်း၊ အိမ်ထောင်စုတစ်စုလျှင် တစ်ပိဿာနှုန်းဖြင့် ဆီပိဿာချိန်(၁၀၀၀)အား ရောင်းချပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)