သတင်းများ

တောင်ဥက္ကလာပမြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ စာပေနှင့်သတင်းမီဒီယာအသိပညာပေးဟောပြောပွဲ ကျင်းပ
Sep 16,2023
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ သီရိမြန်မာခန်းမ၌ သတင်းမီဒီယာကောင်စီနှင့် မြန်မာနိုင်ငံစာရေးဆရာအသင်းတို့ ပူးပေါင်းကျင်းပသော စာပေနှင့် သတင်းမီဒီယာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်(၁၀း၀၀)အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမျိုးသန့် အောင်မြေသာစံမြို့နယ်၊ မဟာအောင်မြေမြို့နယ်၊ချမ်းမြသာစည်မြို့နယ်များတွင် EID ရိုက်သွင်းနေမှုများ ကြည့်ရှု တိုင်း၊ ခရိုင်၊မြို့နယ်များမှဝန်ထမ်းများအား တွေ့ဆုံမှာကြား
Sep 16,2023
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ဒုတိယဝန်ကြီး ဒေါက်တာမျိုးသန့်သည် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစောနိုင်၊ တိုင်းဒေသကြီးဦးစီးမှူး ဦးအောင်မင်းတို့နှင့်အတူ စက်တင်ဘာလ ၁၄ ရက် နံနက်ပိုင်း က မန္တလေး၊ အောင်မြေသာစံ မြို့နယ်၊ ဒေါနဘွားရပ်ကွက်၊ မန်းတောင်ခြေရှိ၊ ပင်မစစ်လက်နက်ပစ္စည်းတပ်(မန္တလေး) အစည်း အဝေးခန်းမတွင် အသက်(၁၀)နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေးကတ်ကိုင် ဆောင်ထားသူများအား Biometric Enrolment Application ရိုက်သွင်းဆောင်ရွက်နေမှုများ၊ ဓါတ်ပုံရိုက်ခြင်း၊ မျက်လုံး Scan ဖတ်ခြင်း၊ လက်ဗွေ Scan ဖတ်ခြင်းများဆောင်ရွက်နေမှုတို့ကို သွားရောက်ကြည့်ရှု အားပေးသည်။
သရက်ချောင်းမြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ ပြပွဲပြိုင်ပွဲများကျင်းပ
Sep 16,2023
ကျောင်းသား/သူများ ဗလငါးတန်ဖွံ့ဖြိုးစေရန်၊ အသိပညာဗဟုသုတများ ကြွယ်ဝစေရန်၊ ဉာဏ်ရည်၊ ရည်သွေးထက်မြက်စေရန်၊ စာဖတ်ရှိန်မြှင့်မားစေရန်နှင့် အချိန်ကိုအကျိုးရှိစေစွာ အသုံးချတက်စေရန်ရည်ရွယ်၍ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် ပြိုင်ပွဲများကို ယမန်နေ့မွန်းလွဲ ၁နာရီအချိန်က သရက်ချောင်းမြို့၊ လူထုအခြေပြု ဗဟိုဌာန(Community Center)ခန်းမတွင် ကျင်းပခဲ့သည်။
တောင်သာမြို့၌ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး(HPV) ထိုးနှံခြင်းလုပ်ငန်း ညှိနှိုင်းအစည်း အဝေးပွဲကျင်းပ
Sep 16,2023
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ် ပြည်သူ့ဆေးရုံဝန်းအတွင်းရှိ သင်တန်းခန်းမဆောင်တွင် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး(HPV) ထိုးနှံခြင်းလုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲကို ယမန်နေ့ နံနက်(၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်
Sep 16,2023
၂၀၂၃ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက မကွေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ လေတပ်ကွပ်ကဲမှုဌာနချုပ်မှူး၊ လေတပ်စခန်းဌာနချုပ်မှူး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့ နာယကနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာကိုယ်စားလှယ်များ၊ တက္ကသိုလ်၊ ကောလိပ်များမှ ကျောင်းသား၊ ကျောင်းသူများ၊ အခြေခံပညာဦးစီးဌာနမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ဆုရကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ကော့သောင်းမြို့တွင်တိုင်းရင်းဆေးပညာနှင့်စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲများ ပြုလုပ်
Sep 16,2023
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် တိုင်းရင်းဆေးပညာဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့က တိုင်းရင်းဆေးပညာနှင့်စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲများကို ယမန်နေ့မွန်းလွဲပိုင်းက ကော့သောင်းမြို့၊‌ ရွှေဇင်‌ယော်ရပ်ကွက်၊ အ.လ.က(ခွဲ)(၁)ကျောင်းတွင်ပြုလုပ်ခဲ့သည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ မြို့နယ်အား/ကာ ကော်မတီ ဥက္ကဋ္ဌဖလား ကလပ်ပေါင်းစုံ အသက် ၂၀ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ကျင်းပ
Sep 16,2023
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ မြို့နယ်အား/ကာ ကော်မတီ ဥက္ကဋ္ဌဖလား ကလပ်ပေါင်းစုံ အသက် ၂၀ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို  အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ဘောလုံးကွင်းတွင် ကျင်းပပြုလုပ်လျက်ရှိသည်။
မန္တလာတက္ကသိုလ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ပြုလုပ်
Sep 16,2023
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ နတ်ရေကန်ကျေးရွာအနီးရှိ မန္တလာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ယမန်နေ့နေ့လယ် ၂ နာရီအချိန်က မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီနှင့် မန္တလေးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသော လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။