တောင်သာမြို့၌ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး(HPV) ထိုးနှံခြင်းလုပ်ငန်း ညှိနှိုင်းအစည်း အဝေးပွဲကျင်းပ

တောင်သာ  စက်တင်ဘာ ၁၆

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ် ပြည်သူ့ဆေးရုံဝန်းအတွင်းရှိ သင်တန်းခန်းမဆောင်တွင် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး(HPV) ထိုးနှံခြင်းလုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲကို ယမန်နေ့ နံနက်(၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟန်သူရက အဖွင့်အမှာစကားပြောကြားခဲ့ပြီး တောင်သာမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ အောင်မျိုးဝင်းက မြန်မာနိုင်ငံတွင် သားအိမ်ခေါင်းကင်ဆာဖြစ်ပွားမှုအခြေအနေ၊ ကာကွယ်ဆေးထိုးနှံမှုနှင့် လွှမ်းခြုံမှုအခြေအနေ၊ သားအိမ်ခေါင်းကင်ဆာရောဂါ အကြောင်းအရာများအား ရှင်းလင်း ပြောကြားခဲ့သည်။

ဆက်လက်၍ အခြေခံပညာကျောင်းများသို့ ၁၈.၉.၂၀၂၃ ရက်နေ့မှ ၂၉.၉၂၀၂၃ ရက်နေ့အထိ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးအား အသက် (၉) နှစ်ပြည့်ပြီး (၁၂) နှစ်မကျော်သော မိန်းကလေးငယ်များအား ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

အစည်းအဝေးသို့ တက်ရောက်လာသူများမှ အပြန်အလှန်ဆွေးနွေးခဲ့ပြီး တက်ရောက် လာသူများအား အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ကြောင်းသိရသည်။

ကျော်မျိုးနိုင်(တောင်သာ)