မောင်တော စက်တင်ဘာ ၁၆
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ မြို့နယ်အား/ကာ ကော်မတီ ဥက္ကဋ္ဌဖလား ကလပ်ပေါင်းစုံ အသက် ၂၀ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ဘောလုံးကွင်းတွင် ကျင်းပပြုလုပ်လျက်ရှိသည်။
မောင်တောမြို့၌ ၂၀၂၃ ခုနှစ်၊ မြို့နယ်အား/ကာ ကော်မတီ ဥက္ကဋ္ဌဖလား ကလပ်ပေါင်းစုံ အသက် ၂၀ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကျင်းပပြုလုပ်ရာတွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ပြိုင်ပွဲဝင် အသင်း နှစ်သင်း၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ ပြိုင်ပွဲဝင် နှစ်သင်း၊ လေးမိုင်အခြေခံပညာအထက်တန်းကျောင်းမှ ပြိုင်ပွဲဝင်အသင်း တစ်သင်း စုစုပေါင်းပြိုင်ပွဲဝင် အသင်း ငါးသင်း ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး ပြိုင်ပွဲဝင်အသင်းများ အနေဖြင့် စုပေါင်းပါဝင် ဆောင်ရွက်တတ်စေရန်နှင့် မိမိ၏ တာဝန်ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်နိုင်ပြီး အားကစား၏ အနှစ်သာရကို ပေါ်လွင်လာစေရန်၊ မူးယစ်ဆေးဝါးကင်းစင်၍ ကျန်းမာကြံ့ခိုင်သော လူသားအရင်းအမြတ်များ ပေါ်လာစေရန်၊ ထူးခွန်ထက်မြတ်သည့် အလားအလာရှိသော မျိုးဆက်သစ် အားသစားသမားများ ပေါ်ထွန်းလာစေရန် စသည့် မြင့်မားသော ရည်ရွယ်ချက်များဖြင့် ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ မြို့နယ်အား/ကာ ကော်မတီဥက္ကဋ္ဌဖလား ကလပ်ပေါင်းစုံ အသက် ၂၀ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို ကျင်းပရာ SOCCUR F.C အသင်းနှင့် WARRIORS F.C အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး WARRIORS F.C အသင်းမှ နှစ်ဂိုးနှင့် SOCCUR F.C အသင်းမှ သုံးဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ပြိုင်ပွဲတွင် အသင်း ငါးသင်း ပါဝင်ယှဉ်ပြိုင်ကစားမည်ဖြစ်ရာ ပြိုင်ပွဲကို (၁၄-၉-၂၀၂၃) နေ့မှ(၂၅-၉-၂၀၂၃)နေ့အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
သက်လွင်စိုး၊ အောင်ကျော်စိန်