သရက်ချောင်း စက်တင်ဘာ ၁၆
ကျောင်းသား/သူများ ဗလငါးတန်ဖွံ့ဖြိုးစေရန်၊ အသိပညာဗဟုသုတများ ကြွယ်ဝစေရန်၊ ဉာဏ်ရည်၊ ရည်သွေးထက်မြက်စေရန်၊ စာဖတ်ရှိန်မြှင့်မားစေရန်နှင့် အချိန်ကိုအကျိုးရှိစေစွာ အသုံးချတက်စေရန်ရည်ရွယ်၍ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် ပြိုင်ပွဲများကို ယမန်နေ့မွန်းလွဲ ၁နာရီအချိန်က သရက်ချောင်းမြို့၊ လူထုအခြေပြု ဗဟိုဌာန(Community Center)ခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါဟောပြောပွဲတွင် သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိက ဒေါ်နန်းခလိုက်ရှုက ကျောင်းသား/သူများအား လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်ရှင်းလင်းပြောကြားပြီး စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာဖတ်ခြင်းမှ ရရှိသည့်အကျိုးကျေးဇူးများအကြောင်း၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်ကျန်းမာရေးအကြောင်းကို ကျောင်း သား/သူများနှင့်အပြန်အလှန် ဟောပြောဆွေးနွေးခဲ့သည်။
ဆက်လက်၍ ပုံပြောပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပရာကျောင်းသား/သူကျောင်းသားက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီးတာဝန်ရှိသူများက က်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် ကျောင်းသား/သူများအား (၉/၂၀၂၃)လအတွက် အသစ်ရောက်ရှိလာသော စာအုပ်/စာစောင်များကို ခင်းကျင်းပြသခြင်းနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာနှင့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး နံရံကပ် စာစောင်ပါ ဆောင်းပါးများ၊ ပညာပေးစာစောင်များ၊ မှတ်တမ်း ဓါတ်ပုံများကိုလည်းပြသခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးပိုင်(သရက်ချောင်း)