မန္တလာတက္ကသိုလ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ပြုလုပ်

အမရပူရ စက်တင်ဘာ ၁၆

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ နတ်ရေကန်ကျေးရွာအနီးရှိ မန္တလာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ယမန်နေ့နေ့လယ် ၂ နာရီအချိန်က မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီနှင့် မန္တလေးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသော လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မန္တလေးတိုငိးဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(အငြိမ်းစား)ဦးမောင်ကိုတို့က အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီ၊ အတွင်းရေးမှူး၊ အားကစားနှင့်လူငယ်​​ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က လူငယ်အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့​ကြောင်း သိရသည်။ ယင်းနောက် နိုင်ငံကျော်စာရေးဆရာ ဦး​ကျော်ကျော်လှိုင်က မန္တလာတက္ကသိုလ် ကျောင်းသားတစ်ဦး၊ ကျောင်းသူတစ်ဦးကို စင်မြင့်ပေါ်ဖိတ်ခေါ်ပြီး လူငယ်များဗလငါးတန် ပြည့်စုံရေးခေါင်းစဥ်အောက်မှ ဗလငါးတန်ဖြစ်သည့် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့်အချက်များကို မေးမြန်းလိုက် ပြန်လည်ဖြေဆိုလိုက်ဖြင့် လူငယ်များဗလငါးတန်အ​ကြောင်း သိရှိနားလည်အောင် ဟောပြောဆွေးနွေးပေးခဲ့သည်။ လူငယ်ရေးရာအသိပညာပေးဟောပြောပေးသော စာရေးဆရာဦးကျော်ကျော်လှိုင်ကို မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် မန္တလာတက္ကသိုလ် ပါမောက္ခချုပ် ဒေါ်ခင်စန်းစန်းဝင်းတို့က အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။ ယင်းနောက် မန္တလာတက္ကသိုလ်အတွက် မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီအတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးဇင်မင်းထက်က အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

စိုးသီဟ(အမရ)