ကော့သောင်း စက်တင်ဘာ ၁၆
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် တိုင်းရင်းဆေးပညာဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့က တိုင်းရင်းဆေးပညာနှင့်စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲများကို ယမန်နေ့မွန်းလွဲပိုင်းက ကော့သောင်းမြို့၊ ရွှေဇင်ယော်ရပ်ကွက်၊ အ.လ.က(ခွဲ)(၁)ကျောင်းတွင်ပြုလုပ်ခဲ့သည်။
အဆိုပါဟောပြောပွဲတွင် မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဦးမောင်မောင်မြင့်ဦးက တိုင်းရင်းဆေးပညာအကြောင်း သိကောင်းစရာများ၊ မီးဖိုချောင်သုံးဆေးဖက်ဝင်ပစ္စည်းများနှင့်အရသာ(၆)ပါး အကျိုးနှင့်အပြစ် ဖြစ်ပုံပြုပုံ အကြောင်း၊ တိုင်းရင်းဆေးပညာ အကြောင်းသိကောင်းစရာများအား ဗဟုသုတဖြစ်ဖွယ်အသိပညာပေးဟောပြောခဲ့ပြီး ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်ယုယုမြင့်ကစားသုံးသူရေးရာဦးစီးဌာန ပေါ်ပေါက်လာပုံ၊ ဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေဆိုင်ရာသိကောင်းစရာများ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက ပြန်လည်ကုစားခွင့်နှင့်တိုင်ကြားနိုင်သည့် နည်းလမ်းများကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)