မန္တလေး စက်တင်ဘာ ၁၆
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ဒုတိယဝန်ကြီး ဒေါက်တာမျိုးသန့်သည် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစောနိုင်၊ တိုင်းဒေသကြီးဦးစီးမှူး ဦးအောင်မင်းတို့နှင့်အတူ စက်တင်ဘာလ ၁၄ ရက် နံနက်ပိုင်း က မန္တလေး၊ အောင်မြေသာစံ မြို့နယ်၊ ဒေါနဘွားရပ်ကွက်၊ မန်းတောင်ခြေရှိ၊ ပင်မစစ်လက်နက်ပစ္စည်းတပ်(မန္တလေး) အစည်း အဝေးခန်းမတွင် အသက်(၁၀)နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေးကတ်ကိုင် ဆောင်ထားသူများအား Biometric Enrolment Application ရိုက်သွင်းဆောင်ရွက်နေမှုများ၊ ဓါတ်ပုံရိုက်ခြင်း၊ မျက်လုံး Scan ဖတ်ခြင်း၊ လက်ဗွေ Scan ဖတ်ခြင်းများဆောင်ရွက်နေမှုတို့ကို သွားရောက်ကြည့်ရှု အားပေးသည်။
ထို့နောက် မဟာအောင်မြေမြို့နယ်ရုံး၌ EID စနစ် ရိုက်သွင်းနေမှုများ၊ Online စနစ်ဖြင့်နိုင်ငံခြားသား ရောက်ရှိတိုင်းကြားမှု လုပ်ငန်းအခြေအနေများကို လှည့်လည်ကြည့်ရှု့သည်။ဆက်လက်၍ ချမ်းမြသာစည်မြို့နယ်၊ ၆၂ လမ်းပေါ်ရှိ သူနာပြုတက္ကသိုလ်(မန္တလေး) သို့ သွားရောက်ပြီး ပါမောက္ခချုပ် ပါမောက္ခ ဒေါ်က်တာခင်ဝင်းစိန်နှင့် တာဝန်ရှိသူများအားတွေ့ဆုံပြီး Multi Purpose Hall တွင် ကျောင်းသား၊ကျောင်းသူများအား EID စနစ် ရိုက်သွင်းဆောင်ရွက်နေမှုများကို ကြည့်ရှုကာ ကျောင်းသား၊ကျောင်းသူများအား တွေ့ဆုံအားပေးနှုတ်ဆက်သည်။
၎င်းနောက် ဒုတိယဝန်ကြီးသည် တိုင်းဒေသကြီးလွှတ်တော်အဆောက်အဦ ဟောင်းတွင် တိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ခရိုင်၊မြို့နယ်များမှ ဦးစီးမှူးများ၊ဝန်ထမ်းများနှင့် တာဝန်ရှိသူများ အား တွေဆုံ၍ Biometric ကောက်ယူသည့်လုပ်ငန်းသည် တိုင်းပြည်အတွက် အလွန်အရေးကြီးကြောင်း၊ တိုင်းနှင့်ပြည်နယ်အားလုံးရှိ နိုင်-၄ မှတ်တမ်း ၅၂ သန်းကျော်နှင့် အိမ်ထောင်စု ၁၃ သန်းကျော်ကို data base အတွင်း ထည့်သွင်းပြီးဖြစ်ကြောင်း၊လဝက ကို digital လဝက ဖြစ်အောင်ဆောင်ရွက်နေသဖြင့် ဝန်ထမ်းများ it ကျွမ်းကျင်နားလည်ရန်လိုသလို cyber security ကိုလည်း ဂရုစိုက်ဖို့လိုကြောင်း၊ လဝက ဌာနသည် public services ပေးသည့်ဌာနဖြစ်၍ ဝန်ထမ်းများ ပြည်သူလူထုကို အကောင်းဆုံး ဝန်ဆောင်မှုပေးရန်လိုကြောင်း လမ်းညွှန်မှာကြားကာ ဝန်ထမ်း များအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးခဲ့ကြောင်း သိရသည်။
မြင့်မော်ထွန်း(အောင်မြေသာစံ၊ပြန်/ဆက်)