သတင်းများ

ကျောက်ပန်းတောင်းမြို့နယ်တွင် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊ အရေး၊ အတီး(မြို့နယ်အဆင့်)ပြိုင်ပွဲကျင်းပ
Sep 16,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီး (မြို့နယ်အဆင့်) ပြိုင်ပွဲကို ယမန်နေ့နံနက် (၉)နာရီက မြို့နယ်အားကစားခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
ဟင်္သာတမြို့ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်၌ ထိခိုက်ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုသင်တန်းဆင်းပွဲကျင်းပ
Sep 16,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်ရှိ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်၌ ဖွင့်လှစ်ခဲ့သော ထိခိုက်ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က အဆိုပါကျောင်းရှိ သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မြဝတီမြို့၌ ကျောင်းသား၊ ကျောင်းသူများ  ဗလငါးတန်ပြည့်စုံစေရေး လူငယ်စကားဝိုင်း ကျင်းပ
Sep 16,2023
ကရင်ပြည်နယ်၊ မြဝတီခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ကျောင်းသူများ ဗလငါးတန်နှင့်ပြည့်စုံပြီး နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို  ယမန်နေ့နံနက် ၁၁ နာရီက မြဝတီမြို့၊  အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
မိတ္ထီလာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား (၄) မြို့နယ် တက္ကသိုလ်ပေါင်းစုံ ကလပ်အသင်း ပေါင်းစုံနှင့် ဌာနပေါင်းစုံ အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
Sep 16,2023
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား (၄) မြို့နယ် တက္ကသိုလ်ပေါင်းစုံ ကလပ်ပေါင်းစုံးနှင့် ဌာနပေါင်းစုံ အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ   ၃ နာရီအချိန်က မိတ္ထီလာမြို့နယ် ပေါက်ချောင်းအားကစားကွင်းတွင် ကျင်းပခဲ့ကြောင်းသိရသည်။
ဖောင်းပြင်မြို့၌ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိရေးအတွက် အသိပညာပေးဟောပြောပွဲကျင်းပွဲကျင်းပ
Sep 16,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အသိပညာဗဟုသုတရရှိရေးအတွက် အသိပညာပေးဟောပြောပွဲကို ဖောင်းပြင်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့ နံနက် ၁၁ နာရီအချိန်က ကျင်းပပြုလုပ်ကြောင်းသိရသည်။
နွားထိုးကြီးမြို့ အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ
Sep 16,2023
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့၊ အမှတ်(၈)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း အောင်သူ ရိန်ခန်းမတွင် ယမန်နေ့နံနက် ၉နာရီခွဲက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီးတွင် အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော မိန်းကလေးများအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ် ဆေး (HPV) ထိုးနှံနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ
Sep 16,2023
မန္တလေးတိုင်းဒေသကြီးတွင် အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော မိန်းကလေးများအားသားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ် ဆေး (HPV) ထိုးနှံနိုင်ရေးညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာလ ၁၃ ရက်နေ့ မွန်းလွဲ တစ်နာရီ က မန္တလေးမြို့၊ချမ်းအေးသာစံမြို့နယ်၊ အမှတ်(၁၆) အခြေခံပညာအထက်တန်းကျောင်း၊ပညာရတနာဆောင်ခန်းမတွင် ကျင်းပပြုလုပ်ရာ အခြေခံပညာဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနတို့မှ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ခရိုင်/မြို့နယ်ပညာရေးမှူးများ၊ အမျိုးသမီးရေးရာအဖွဲ့နှင့်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းတို့မှ တာဝန်ရှိသူများ၊အသင်းဝင်၊အဖွဲ့ဝင်များ ၊အ‌ခြေခံပညာကျောင်းများမှ ကျောင်းအုပ် ကြီးများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
တာချီလိတ်မြို့၌ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ကျင်းပ
Sep 16,2023
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့်ပြိုင်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက အောင်မြတ်ခန်းမ၌ ကျင်းပရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် အကဲဖြတ်အမှတ်ပေးဒိုင်များက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။