သတင်းများ

နမ့်စန်တွင် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV)ထိုးနှံခြင်း လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ဆောင်ရွက်
Sep 16,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် အသက်(၉)နှစ်ပြည့်ပြီး (၁၂) နှစ် မကျော်သော အမျိုးသမီးငယ်များကို သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV) ထိုးနှံခြင်း လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ ညနေ ၃ နာရီက မြို့နယ်ကုသရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့သည်။
လွိုင်လင်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင်ကျေးလက်လမ်းခင်းမည့် လမ်းများအား ကွင်းဆင်းစစ်ဆေး
Sep 16,2023
၂၀၂၃ -၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စု ၊ ပြည်နယ် ဘဏ္ဍာရန်ပုံငွေဖြင့် လွိုင်လင် မြို့နယ်အတွင်း ဆောင်ရွက်မည့် ကျေးလက်လမ်းခင်းခြင်း လုပ်ငန်းခွင်နေရာများဟို့ ခရိုင် တည်ဆောက်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးကံစောလှိုင် ၊ မြို့နယ် ကော်မတီဥက္ကဋ္ဌ ဦးသိန်းထွဋ် နှင့် အဖွဲ့ဝင်များက ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးကြသည်။
ချောင်းဦးမြို့၌ ဆောင်းနေကြာပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးသင်တန်းနှင့် နေကြာမျိုးကောင်း မျိုးသန့်မျိုးစေ့များပေးအပ်ပွဲ ကျင်းပ
Sep 16,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့ စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ယမန်နေ့ နံနက်ပိုင်းက ဆောင်းနေကြာစိုက်တောင်သူများအား ဖိတ်ကြား၍ ဆောင်းနေကြာ ပန်းတိုင် အထွက်နှုန်းရရှိရေး နည်းပညာပေးသင်တန်း ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး နေကြာမျိုးကောင်း မျိုးသန့် မျိုးစေ့များ ပေးအပ်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
လွိုင်လင်မြို့နယ်၊ ဟွေတွေကျေးရွာတွင် Snack & Bakery အမျိးမျိုးထုတ်လုပ်မှုနည်းပညာ သင်တန်းဆင်းပွဲကျင်းပ
Sep 16,2023
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ်၊ ဟွေတွေကျေးရွာတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ အသေးစားကုန်ထုတ်လုပ်မှုလုပ်ငန်းများ ‌ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းမှ ဘိန်းစိုက်ပျိုးသည့် မြို့နယ်များတွင် အစားထိုး အသေးစား ကုန်ထုတ်လုပ်ငန်းဖွံ့ဖြိုးရေး (Snack & Bakery  အမျိုးမျိုးထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် (၁၀)နာရီက အဆိုပါကျေးရွာခန်းမတွင် သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ကောလင်းခရိုင်၊ ကောလင်းမြို့နယ်မြောက်အင်းကျောင်း၌ ဗလငါးတန်ဖွံဖြိုးရေး  လူငယ်အသိပညာပေးဟောပြောပွဲနှင့် ပြပွဲပြိုင်ပွဲကျင်းပ
Sep 16,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်းကျင်းပသော  ဗလငါးတန်ဖွံဖြိုးရေးလူငယ်အသိပညာပေးဟောပြောပွဲနှင့် ပြပွဲပြိုင်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ကောလင်းခရိုင်၊ ကောလင်းမြို့နယ်ရှိ မြောက်အင်းကျောင်း၌ ကျင်းပသည်။
ဒေါပုံမြို့နယ်တွင် လူငယ်များ ဗလငါးတန်ပြည့်ဝစေရန်အတွက် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ
Sep 16,2023
လူငယ်ဟူသည် အနာဂတ်၏ အဖိုးတန်လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည်နှင့်အညီ လူငယ်များ ဗလငါးတန်နှင့်ပြည့်ဝစေရေးအတွက် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ဒေါပုံမြို့နယ် အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်းတွင် သက်ဆိုင်ရာဌာနများမှပူးပေါင်း၍ ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းဖြတ်မြို့နယ်၌ ကမ္ဘာ့ဆရာများ​နေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲ ကျင်းပ
Sep 16,2023
ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင်၊ ၂၀၂၃ခုနှစ် ​အောက်တိုဘာလ ၅ရက်​နေ့တွင် ကျ​ရောက်မည့် ကမ္ဘာ့ဆရာများ​နေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာပြိုင်ပွဲကို ယ​နေ့နံနက်ပိုင်းက အ​ခြေခံပညာအထက်တန်း​ကျောင်း(မိုင်းဖြတ်)ရှိ ​ရွှေလီဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။
အသက်(၉)နှစ်ပြည့်ပြီး(၁၂)နှစ်မကျော်သော မိန်ကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံရေးအတွက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Sep 16,2023
အသက်(၉)နှစ်ပြည့်ပြီး(၁၂)နှစ်မကျော်သော မိန်ကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီးပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပခဲ့သည်။