သတင်းများ

ဟိုပုံးမြို့နယ်၌ မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်
Sep 16,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပရေးစေရေးနှင့်  ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးတို့အတွက် ယနေ့နံနက် ၈ နာရီအချိန်က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးရှေ့နှင့် ဟိုပုံး-လွိုင်လင် ပြည်ထောင်စုလမ်းမကြီး မြို့အဝင်ဆိုင်းဘုတ်တို့တွင် စုပေါင်းသန့်ရှင်း‌ရေး ဆောင်ရွက်ခဲ့ကြသည်။
ရွှေတောင်မြို့နယ်တွင်အခြေခံပညာကျောင်းများတွင်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ
Sep 16,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူ​ရေးရာဦးစီးဌာနနှင့် လူမှုဝန် ထမ်းဦးစီးဌာနတို့ ပူးပေါင်း‌၍ မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများအား ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များ ဖြစ်စေရန် နှင့်လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေးရည်ရွယ်ချက်ဖြင့် ကျင်းပသောလူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲကို ယမန်နေ့ နံနက်ပိုင်းက အ.မကဖားအိုင့်ကျောင်းနှင့် အ.မ.က ဝါးတောကျောင်းတို့တွင် ကျင်းပ ပြုလုပ်ခဲ့သည်။
ဒဂုံမြို့သစ်‌(မြောက်ပိုင်း)မြို့နယ်တွင် အသက် (၉) ပြည့်ပြီး (၁၂) နှစ်မကျော်သော မိန်းကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV) ထိုးနှံနိုင်ရေး ကွင်းဆင်းဟောပြော
Sep 16,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ယမန်နေ့နံနက် ( ၁၀ ) နာရီက  အမှတ်(၂၇) ရပ်ကွက်ရှိ မူလတန်းလွန်ကျောင်း အမှတ် (၂၄) တွင် အသက် (၉) နှစ်ပြည့်ပြီး (၁၂) နှစ်မကျော်သော မိန်းကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး(HPV) ထိုးနှံနိုင်ရေးအတွက် အသိပညာပေးဟောပြောပွဲကို ကျင်းပခဲ့သည်။
မြို့သစ်မြို့နယ်၊ မြို့လုလင်ကျေးရွာတွင်"လူငယ်စကားဝိုင်း"ဆွေးနွေးပွဲကျင်းပ
Sep 16,2023
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့သစ်မြို့နယ်၊မြို့လုလင်ကျေးရွာအခြေခံပညာ အထက်တန်းကျောင်း(ခွဲ)တို့ ပူးပေါင်းကျင်းပသည့်"လူငယ်စကားဝိုင်း" ဆွေးနွေးပွဲကို ယမန်နေ့နေ့လည်၁နာရီအချိန်က အဆိုပါကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
မင်းပြားမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community centre) ၌ လူငယ်အသိပညာပေး ဟောပြောပွဲကျင်းပ
Sep 16,2023
ရခိုင်ပြည်နယ် မြောက်ဦးခရိုင် မင်းပြားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး  လူထုအခြေပြုဗဟိုဌာန (Community  Centre)၌ လူငယ်အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်သည်။
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးစိုးမြင့် ရက်ကန်းနှင့် အသက်မွန်းပညာ သင်တန်းကျောင်း ဝန်ထမ်းများ၊သင်တန်းသား/သူများနှင့်တွေ့ဆုံပွဲ ကျင်းပ
Sep 16,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အသေးစားစက်မှုလက်မှုဦးစီးဌာန၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းတွင် ယမန်နေ့ နေ့လယ်ပိုင်းက သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးစိုးမြင့်က အသေးစားစက်မှုလက်မှုဦးစီးဌာန၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းဝန်ထမ်းများ၊ သင်တန်းသား/ သူများနှင့် တွေ့ဆုံပွဲကျင်းပခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်၊ ချင်းပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်
Sep 16,2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်၊ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယမန်နေ့နံနက် ၁၁ နာရီအချိန်က ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးသို့ ရောက်ရှိလာကြရာ တိုင်းရင်းသားရိုးရာအကများဖြင့် ကြိုဆိုကြ သည်။
ဘီးလင်းမြို့နယ်၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အစည်းအဝေးပြုလုပ်
Sep 16,2023
မွန်ပြည်နယ် ဘီးလင်းမြို့နယ်၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၁ နာရီက ဘီးလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။