ပြည် စက်တင်ဘာ ၁၉
ပဲခူတိုင်းဒေသကြီး ပြည်ခရိုင် ပြည်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာန၌ ယမန်နေ့နံနက် ၉ နာရီအချိန်က ပြည်မြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပြည်မြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ (မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ) ဦးနေအောင်က အဖွင့်အမှာစကားပြောကြားပြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအတွင်းရေးမှူး လူမှုဝန်ထမ်းဦးစီးဌာန ပြည်ခရိုင်ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်ဂျမ်းဂျမ်းအေးက မြို့နယ်အတွင်းဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြပြီး မြိမြို့နယ်ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီဝင်များက ကလေးများနှင့်ပက်သက်၍ အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။ ထို့နောက် ပြည်မြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ (မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ) ဦးနေမင်းအောင်က နိဂုံးချုပ်သုံးသပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ကိုစိုး(ပြည်)