ဟုမ္မလင်း၊ စက်တင်ဘာ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌဖလား အလွတ်တန်း ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ (၁၈)ရက်နေ့၊ နေလည်(၂)နာရီအချိန်က ဟုမ္မလင်းမြို့နောင်ပကျစ်ရပ်ကွက်ရှိ မြို့နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ ဟုမ္မလင်း လေတပ်စခန်းဌာနချုပ် တပ်နယ်မှူး ဗိုလ်မှူးချုပ် သိန်းထွန်းဦး၊ ရှေ့တန်းအမှတ်(၃)စစ်ဗျူဟာမှူး ဗိုလ်ကြီးအေးမင်းဇော်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးရဲဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းဇော်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိ၊ မြို့ဖများ၊ ပြိုင်ပွဲဝင် ဘောလုံးအသင်းများနှင့် ဧည့်ပရိတ်သတ်များ စုစုပေါင်း (၂၀၀၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အခမ်းအနားတွင်တက်ရောက်လာသူများက နိုင်ငံတော်အလံအားအလေးပြုကြပြီး၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ကအဖွင့်အမှာစကားပြောကြားခဲ့သည်။
ယင်းနောက်ပြိုင်ပွဲဝင် အားကစားသမားများကအားကစားအဓိဋ္ဌာန်ရွတ်ဆိုခြင်း၊ တာဝန်ရှိသူ များပြိုင်ပွဲ အသင်းအားကစားသမားများကို ကွင်းအတွင်းသို့လိုက် လံနှုတ်ဆက်ခဲ့ကြပြီး၊ စစ်ကြောင်းမှူးဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းဇော်အား ချီတက် အလေးပြု၍ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွါခြင်း၊ အထက(၂) ကျောင်းမှ ဘင်ခရာအဖွဲ့နှင့် ပန်းပွားအဖွဲ့တို့က ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။ ဆက်လက်၍ တာဝန်ရှိသူများက ဘင်ခရာအဖွဲ့၊ ပန်းပွားအဖွဲ့၊ ဆိုင်းဘုတ်ကိုင်အဖွဲ့နှင့်ကွင်း အတွင်း ကျန်းမာရေးဆိုင်ရာ တာဝန်ယူ ဆောငရွက်မည့် ဆေးအဖွဲ့တို့အား ဂုဏ်ပြုဆုငွေများ အသီးသီး ချီးမြှင်ပေး အပ်ခဲ့ကြသည်။
ဟုမ္မလင်းမြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌဖလား အလွတ်တန်းဘော လုံးပြိုင်ပွဲအဖွင့်ပွဲစဥ်အဖြစ် ဥရုလူငယ်အသင်းနှင့် ဟလခအသင်း တို့ယှဥ်ပြိုင်ကစားရာ ၃ ဂိုး ၁ ဂိုးဖြင့်ဉရုလူငယ်အသင်း က အနိုင်ရရှိခဲ့ကြောင်းနှင့် ပြိုင်ပွဲဝင်(၃၂)သင်းဖြင့် ၂၀၂၃ စက်တင်ဘာလ(၁၈)ရက်နေ့မှ အောက်တိုဘာလ (၁၆)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။
ဟုမ္မလင်း(ပြန်/ဆက်)