ဖြူးမြို့နယ်အတွင်း မိုးစပါးစိုက်တောင်သူများ အထွက်နှုန်းသိရှိစေရေး စံကွက်ရိတ်သိမ်းခြင်းများဆောင်ရွက်
Oct 11,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း နွေစပါးနှင့်မိုးစပါးများအထွက်နှုန်းကောင်းစေရန် မျိုးကောင်းမျိုးသန့်စပါးမျိုးများ စိုက်ပျိုးဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ရွာတန်းရှည်ကျေးရွာအုပ်စု၊ ရွာတန်းရှည်ကျေးရွာ၊ တောင်သူဦးကျော်ဌေး၏ မျိုးကောင်းမျိုးသန့် မျိုးစေ့ထုတ်စိုက်ခင်း(၅)ဧကတွင် တောင်သူများအထွက်နှုန်းသိရှိစေရေးအတွက် စံကွက်ရိတ်သိမ်းခဲ့ရာ တစ်ဧကတွင် အစိုပျှမ်းမျှ(၁၃၈.၃၃)တင်း ထွက်ရှိကြောင်းသိရသည်။