ငါန်းဇွန်မြို့၌ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV ) ထိုးနှံပေးခြင်းဆောင်ရွက်

ငါန်းဇွန် စက်တင်ဘာ ၁၉

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့၌ ယမန်နေ့နံနက် ၉ နာရီခွဲမှစ၍ မြို့ပေါ်ရပ်ကွက်များရှိ အခြေခံပညာအထက်တန်းကျောင်းနှင့် အခြေခံပညာမူလတန်းကျောင်းများ၌ အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော မိန်းကလေးများအား သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး (HPV) ထိုးနံပေးခဲ့ကြောင်း သိရသည်။

ထိုသို့ အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော မိန်းကလေးများအား သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး (HPV Vaccine) ထိုးနှံပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးမျိုးမင်းသိန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထွန်းထွန်းစိုးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့ ဥက္က ဒေါ်မြင့်မြင့်ခိုင်နှင့်အသင်း/အဖွဲ့ဝင်များပူးပေါင်း၍ ငါန်းဇွန်မြို့အ.ထ.ကမှ ကျောင်းသူ(၆၅)ဦး၊ အမှတ်(၁)အ.မ.ကမှ ကျောင်းသူ (၅)ဦး၊ အမှတ်(၂)အ.မ.ကမှ ကျောင်းသူ(၂၇)ဦး၊ အမှတ်(၃)အ.မ.ကမှ ကျောင်းသူ(၁၇)ဦး၊ အမှတ်(၄)အ.မ.ကမှ ကျောင်းသူ(၃၈)ဦးနှင့် သိမ်တော်ဘ.ကမှ ကျောင်းသူ(၇)ဦး စုစုပေါင်း ကျောင်းသူ (၁၅၉) ဦးတို့အား သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။                  

သက်နောင်ဦး(ငါန်းဇွန်)