ဆိပ်ဖြူ စက်တင်ဘာ ၁၉
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ကျောင်းအခြေပြု အသက် ၉ နှစ်မှ ၁၂ နှစ်အတွင်းရှိ အမျိုးသမီးသားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးနှံပေးခြင်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ဆိပ်ဖြူ(အ.ထ.က)ကျောင်း နဝရတ်ခန်းမ၌ ကျင်းပသည်။
အဆိုပါအခမ်းအနားတွင် ဒုတိယမြို့နယ်ပညာရေးမှူး ဦးသန်းလွင်က အမှာစကားပြောကြားပေးပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာခင်မောင်ကြည်က အမျိုးသမီးသားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ထိုးနှံပေးရခြင်း ရည်ရွယ်ချက်များနှင့် အသက် ၉ နှစ်မှ ၁၂ နှစ်အတွင်းရှိ အမျိုးသမီးငယ်လေးများအား ကျောင်းအခြေပြု အမျိုးသမီး သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးနှံပေးခြင်းအစီအစဉ် ဆေးထိုးစုရပ်များ ဆောင်ရွက်ထားရှိမှု အစီအစဉ်တို့ကို ရှင်းလင်းတင်ပြသည်။ ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါက်တာ ခင်မောင်ကြည်ကြီးကြပ်၍ ကျန်းမာရေးဝန်ထမ်းများကအသက် ၉ နှစ်မှ ၁၂ နှစ်အတွင်းရှိ အမျိုးသမီး သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးနှံပေးခြင်းကို ဆောင်ရွက်ခဲ့ကြသည်။
ကျောင်းအခြေပြု အသက် ၉ နှစ်မှ ၁၂ နှစ်အတွင်းရှိ အမျိုးသမီး သားအိမ်ခေါင်း ကင်ဆာကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းများကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၁၁) ကျောင်း၌ စုရပ်အသီးသီးထားရှိပြီး ထိုးနှံပေးနေကြောင်း၊ ကျောင်းအခြေပြု အသက် ၉ နှစ်မှ ၁၂ နှစ်အတွင်းရှိ ကျောင်းသူ (၁၀၀၈) ဦးထိုးပေးနိုင်ရေးလျာထားဆောင်ရွက်ထားရှိပြီး၊ အမျိုးသမီး သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစည်သူနေမျိုးနှင့် အဖွဲ့ဝင်များ သက်ဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု အားပေးခဲ့ကြောင်း သိရှိရသည်။
ကိုဇွဲ(အညာမြေ)