ကန်ကြီးထောင့်မြို့နယ်တွင် မြစ်ရေဝင်ကျေးရွာအုပ်စုများသို့ တိုင်းဒေသကြီးမွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဖြန့်ဖြူးသော တိရိစ္ဆာန်အစာနုအိတ်များ ပေးအပ်ပွဲအခမ်းအနား ကျင်းပ

ကန်ကြီးထောင့် စက်တင်ဘာ ၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြစ်ရေဝင်ကျေးရွာအုပ်စုများသို့ တိုင်းဒေသကြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဖြန့်ဖြူးသော တိရိစ္ဆာန်အစာနုအိတ်များ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်က မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် တိုင်းဒေသကြီးမွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် သာမန်အသုံးစရိတ်ခွင့်ပြုငွေဖြင့်ဝယ်ယူသည့် တိရစ္ဆာန်အစာနုအိတ်များကို မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနဦးစီးမှူး ဒေါက်တာကြည်လင်းစိုးနှင့် ဌာနဆိုင်ရာများက ကန်ကြီးထောင့်မြို့နယ်၊ မြစ်ရေဝင်ကျေးရွာ(၄) ရွာရှိတိရစ္ဆာန်များအတွက် ဝက်စာ (5kg) ၁၀၀ အိတ်တို့အား ခွဲဝေဖြန့်ဖြူးပေးခဲ့သည်။

ကန်ကြီးထောင့်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် သဘာဝဘေးများ ဖြစ်ပေါ်လာပါက မွေးမြူတောင်သူများ၏ ကျွဲ၊ နွား တိရစ္ဆာန်များဆုံးရှုံးမှု မရှိစေရေးဆောင်ရွက်လျက်ရှိပြီး မြို့နယ်အတွင်း ရေကြီးနစ်မြှုပ်မှု ဖြစ်ပေါ်ခဲ့သော ကျေးရွာများရှိ တိရစ္ဆာန်များ ရေလွတ်ရာသို့ပြောင်းရွေ့ခြင်း၊ ကာကွယ်ကုသခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သက်ဆိုင်ရာမှသိရသည်။

ကျော်ဇင်စိုး (ပြန်/ဆက်)