ရွှေဘို ဇူလိုင် ၂၉
ရွှေဘိုတက္ကသိုလ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်ဘာသာရပ်ပေါင်းစုံ အမျိုးသားပိုက်ကျော်ခြင်း ပြိုင်ပွဲဆုချီးမြှင့်ပွဲကို ယမန်နေ့ညနေ ၃ နာရီအချိန်က အဆိုပါတက္ကသိုလ်ရှိ အားကစားရုံတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ကျောင်းသားမောင်မယ်လူငယ်များအနေဖြင့် ကျောင်းနေပျော်၍ စာတော်သောလူငယ်လေးများ ဖြစ်အောင် ပညာရေးသာမက ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ပြီး ပူးပေါင်းပါဝင်သည့် အလေ့ အထကောင်းရရှိစေရန် အားကစားလှုပ်ရှားခြင်းဖြင့် ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်မှုအပြင် စိတ်ဓာတ် ပိုင်းဆိုင်ရာများလည်း ခိုင်မာလာစေရန်၊ ဥာဏ်ပညာထူးချွန်ထက်မြက်သည့် မျိုးဆက်သစ် လူငယ်အားကစားသမားများ ပေါ်ထွက်စေရန် ရည်ရွယ်၍ အားကစားပြိုင်ပွဲများကို စဥ်ဆက် မပြတ် ကျင်းပပေးလျက်ရှိကြောင်း သိရသည်။
ပြိုင်ပွဲတွင် ပထမဆုရရှိသည့် အမျိုးသားရုက္ခဗေဒအသင်း၊ ဒုတိယဆုရရှိသည့် သမိုင်းအသင်း၊ တတိယဆုရရှိသည့် သင်္ချာအသင်းများအား ရွှေဘိုတက္ကသိုလ် ပါမောက္ခချုပ်ဆရာမကြီးဒေါက်တာမျိုးမျိုး၊ ဒုတိယပါမောက္ခချုပ်ဆရာမကြီး ဒေါက်မြယာဥ်ယာဥ်ငြိမ်းနှင့် ဌာနမှူး (ပါမောက္ခ)များ၊ သင်ကြားရေး ဆရာ/ဆရာမများက အကောင်းဆုံးကစားသမားဆု၊ ဂုဏ်ပြုဆုငွေ၊ ဆုဆွဲပြား၊ ဆုဖလားတို့ကို ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)