၂၀၂၅-၂၀၂၆ ပညာသင်နှစ် မိုးရာသီကျောင်းကောင်စီဖလား ဘောလုံးပြိုင်ပွဲ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးပွဲကျင်းပ

ရွှေသောင်ယံ ဇူလိုင် ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အ-ထ-က(ရွှေသောင်ယံ)၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မိုးရာသီကျောင်းကောင်စီဖလား ဘောလုံးပြိုင်ပွဲကျင်းပနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီအချိန်က အဆိုပါစာသင်ကျောင်း၏ ချယ်ရီဆောင်တွင် ကျောင်းကော်မတီများ ကျောင်းသားမိဘများစုံညီစွာဖြင့် ပြုလုပ်ဆောင်ရွက်ခဲ့သည်။

အဆိုပါ မိုးရာသီကျောင်းကောင်စီဖလားဘောလုံးပွဲ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးပွဲသို့ ရွှေသောင်ယံမြို့ မြို့အုပ်ချုပ်ရေးမှူး တက်ရောက်အမှာစကားပြောကြားပြီး အ-ထ-က(ရွှေသောင်ယံ)၏ ကျောင်းအုပ်ဆရာကြီးနှင့် ကျောင်းကော်မတီများ ကျောင်းသားမိဘများမှ မိုးရာသီကျောင်းကောင်စီဖလား အောင်မြင်စွာဖြစ်မြောက်ရေး ဝိုင်းဝန်းညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရွှေသောင်ယံ(ပြန်/ဆက်)